images
UN
UN
အမေရိကန်တပ်ဖွဲ့များ ရုပ်သိမ်းလျှင် IS အဖွဲ့ ပြန်အားကောင်းလာမည်ဟု သတိပေး
Saturday, 02 February 2019
အမေရိကန်စစ်ဦးစီးဌာနချုပ်က ထုတ်ပြန်သော သတင်းထုတ်ပြန်ချက်တစ်ရပ်အတွင်း ၌ ဆီးရီးယားနှင့် အာဖဂန်နစ္စတန်နိုင်ငံများမှ အမေရိကန်တပ်ဖွဲ့ဝင်များ ဆုတ်ခွာလိုက်မည် ဆိုပါက လက်ရှိအချိန်တွင် အခြေခံနယ်မြေပျောက်ဆုံးသွားသောIS အဖွဲ့အနေဖြင့် ပြန်လည်အားကောင်းလာဖွယ်ရှိကြောင်း ဖော်ပြသည်။ အမေရိကန်သမ္မတဒေါ်နယ်ထရန့် က ဆီးရီးယားရှိ အမေရိကန်တပ်ဖွဲ့ဝင် ၂ဝဝဝ အား အပြီးသတ်ရုပ်သိမ်းရန် ဆုံးဖြတ် ခဲ့သော်လည်း အမေရိကန်ဆီးနိတ်လွှတ်တော်က တပ်ဖွဲ့ဝင်များ ရုပ်သိမ်းမည့်အစီအစဉ် ကန့်ကွက်သည့်အဆိုကို အတည်ပြုခဲ့သည်။ IS အဖွဲ့သည် အမေရိကန်နှင့်ရုရှားတို့၏ စစ်ရေးအရ ဖိအားပေးတိုက်ခိုက်မှုများကြောင့် အခြေခံနယ်မြေအများစုပိုင်ဆိုင်ခဲ့သော အီရတ်နှင့် ဆီးရီးယားမှ ဆုတ်ခွာပေးခဲ့ရသည့်အပြင် တပ်ဖွဲ့ဝင်အများစုအား လက်လွှတ် ဆုံးရှုံးခဲ့ရသည့်ဖြစ်စဉ်များနှင့်လည်း ရင်ဆိုင်ခဲ့ရ၍ ဒေါ်နယ်ထရန့်ကIS အဖွဲ့အလုံးစုံ ပြိုကွဲတော့မည်ဟု ယူဆခဲ့ခြင်းဖြစ်သည်။ NG(Ref; Reuters)