images
UN
UN
နိုင်ငံတော်သမ္မတ(ငြိမ်း)ဦးသိန်းစိန်နှင့်အဖွဲ့ မဟာဝဇိရမုနိစေတီတော် အနန္တရာယိကမြေသန့် ပန္နက်တင်ခြင်းနှင့် အုတ်မြစ်တော်စီ မဟာမင်္ဂလာအခမ်းအနား တက်ရောက်
Saturday, 02 February 2019
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရသီရိမြို့နယ်၊ ဝဇိရာနန္ဒ ဓမ္မစင်တာကျောင်းတိုက် ဝတ္ထုကံတွင်တည်ထားပူဇော်မည့် မဟာဝဇိရမုနိ စေတီတော်၊ အနန္တရာယိကမြေသန့်၊ ရတနာပန္နက်တော်တင်၊ တွင်းတော်ဝန်း၊ ရတနာအုတ်မြစ်တော်စီ မဟာမင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၉ နာရီကစတင်ကျင်းပရာ နိုင်ငံတော်သမ္မတ(ငြိမ်း)ဦးသိန်းစိန်၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်း၊ ပြည်ထောင်စု ဝန်ကြီး(ငြိမ်း)များဖြစ်ကြသော ဦးသိန်းညွန့်၊ ဦးလှထွန်း၊ ဦးဝင်းရှိန်၊ ဒေါက်တာကံဇော်၊ ဒေါက်တာသန်းအောင်၊
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင်ဦးအောင်တင်မြင့် နှင့်ဘုရားဒါယကာ၊ ဒါယိကာမအလှူရှင် များ တက်ရောက်ကြသည်။
အခမ်းအနားကိုနမောတဿသုံးကြိမ် ရွတ်ဆိုပူဇော်၍ ဖွင့်လှစ်ခဲ့ပြီး နိုင်ငံတော် သြဝါဒါစရိယ အဘိဓဇမဟာရဋ္ဌဂုရု အဂ္ဂ မဟာပဏ္ဍိတ ဘဒ္ဒန္တကဝိသာရမှ သြဝါဒ ကထာနှင့်အနုမောဒနာတရားချီးမြှင့်ခြင်း၊ ရတနာအုတ်မြစ်တော်များနှင့်လှူဖွယ်ဝတ္ထု များအား သံဃာတော်အရှင်သူမြတ်များထံ ဆက်ကပ်လှူဒါန်းခြင်း၊ သံဃာတော်အရှင် သူမြတ်များက ပရိတ်တော်များ ရွတ်ဖတ် သရဇ္ဈာယ်ခြင်းနှင့်လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှဝေကာ မင်္ဂလာအချိန် တွင်နိုင်ငံတော်သမ္မတ(ငြိမ်း) ဦးဆောင်၍ ရတနာအုတ်မြစ်တော်များအား စီခဲ့ကြ သည်။
မဟာဝဇိရမုနိစေတီတော်အား အပြည် ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြု တက္ကသိုလ်ပါမောက္ခချုပ်ဆရာတော်ကြီး ဒေါက်တာနန္ဒမာလာဘိဝံသ၏ သြဝါဒကို ခံယူလျက် နိုင်ငံတော်သမ္မတ(ငြိမ်း) ဦးသိန်းစိန်ဦးဆောင်ကာ ခုနစ်ရက်သား သမီးများစုပေါင်းအလှူဖြင့် ဥာဏ်တော် အမြင့်ပေ ၆ဝ တည်ထားကိုးကွယ်မည်ဖြစ် ပြီး သဒ္ဓါကြည်လင်ပါရမီရှင်များအနေဖြင့် ပါဝင်လှူဒါန်းနိုင်ကြောင်း သိရသည်။