images
UN
UN
တပ်မတော်၏ ပစ်ခတ်တိုက်ခိုက်မှုဆိုင်ရာ ရပ်စဲရေးကြေညာချက်အား ထောက်ခံကြောင်း လူအင်အားသောင်းချီ ဆန္ဒဖော်ထုတ်
ထက်မြတ်အောင် Sunday, 03 February 2019
တပ်မတော်၏ ပစ်ခတ်တိုက်ခိုက်မှုဆိုင်ရာရပ်စဲ ရေးကြေညာချက်အား ထောက်ခံကြောင်းနှင့် ငြိမ်းချမ်း ရေးအတွက် ပူးပေါင်းပါဝင်ရေး ပြည်သူ့ဆန္ဒဖော် ထုတ်ပွဲကို ယနေ့မွန်းလွဲပိုင်းက ဗဟန်းမြို့နယ် ရေခဲ ဆိုင်မှတ်တိုင်အနီးမှစတင်ကာ မဟာဗန္ဓုလပန်းခြံ အရှေ့သို့ ပြည်သူအင်အားသောင်းချီကာ ချီတက် ဆန္ဒဖော်ထုတ်ခဲ့ကြသည်။
တပ်မတော်၏ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ကြေညာချက်အား ထောက်ခံကြောင်းနှင့် ငြိမ်းချမ်း ရေးအတွက် အတူတကွပူးပေါင်းပါဝင်ရေး ချီတက် လမ်းလျှောက်ပွဲကို အမျိုးသားရေးတပ်ပေါင်းစု (ရန်ကုန်)က ဦးဆောင်၍ပြည်သူအင်အားထောင်ချီပါဝင်ကာ ချီ တက်လမ်းလျှောက်ခဲ့ကြပြီး မဟာဗန္ဓုလ ပန်းခြံရှေ့တွင် ဟောပြောပွဲကို ဆက်လက် ပြုလုပ်ခဲ့ကြသည်။
''ခုကျွန်တော်တို့ ပစ်ခတ်တိုက်ခိုက်မှု ရပ်ဆိုင်းရေး တပ်မတော်က ကြေညာ တယ်ဗျာ။ လူတိုင်းသိတယ်ဗျာ။ စစ်တိုင်း ငါးတိုင်းမှာ ကြေညာတယ်။ အမြဲတမ်း ဆူဆူပူပူဖြစ်တဲ့ တိုင်းတွေပေါ့။ ဒီနေရာ တွေမှာ တပ်မတော်က စစ်ဆင်ရေးမလုပ် တော့ဘူး။ ဒါပေမဲ့ တစ်ခုချန်ထားတယ်။ ရခိုင်ပြည်နယ် ချန်ထားတယ်။ ရခိုင် ပြည်နယ်မှာ ARSA အကြမ်းဖက်သောင်း ကျန်းသူတွေရှိလို့ ချန်ထားတာ။ ကျွန်တော် တို့ တပ်မတော်က ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲတယ်ဆိုတာ တိုင်းရင်းသားလက် နက်ကိုင်တွေကိုရပ်စဲတာ ဖြစ်တယ်။ တိုင်း ရင်းသားမဟုတ်တဲ့ လက်နက်ကိုင်တွေကို ရပ်စဲသလား။ အဲဒီတိုင်းရင်းသားမဟုတ် တဲ့ လက်နက်ကိုင်တွေကိုဘာလုပ်သင့်လဲ။ တိုင်းရင်းသားမဟုတ်တဲ့ လက်နက်ကိုင် တွေက ARSA လို့သူတို့ကိုယ်သူတို့ နာမည် ပေးထားတယ်။ ၁၃၅ မျိုးထဲမှာ မပါဘဲ လက်နက်ကိုင်ပြီးလာတိုက်တာ။ သူတို့ကို ကျွန်တော်တို့က ညှိနှိုင်းစရာ လိုလား။ ဒါကြောင့် အဲဒီမှာမရပ်စဲဘူး။ ကျန်တဲ့ ငါး တိုင်းမှာ ရပ်စဲတယ်။ ဒီဟာ အဖြေပဲ။ ဒါကြောင့်မို့ မရပ်စဲတာ''ဟု ဦးလှဆွေက မဟာဗန္ဓုပန်းခြံရှေ့တွင် ပြုလုပ်သည့် ဟောပြောပွဲ၌ ပြောကြားသည်။
ချီတက်လမ်းလျှောက် ဆန္ဒပြသူများ က ပြည်ထောင်စုကြီး ထာဝရငြိမ်းချမ်းမှု ရရှိရေး၊ ထာဝရမပြိုကွဲရေး၊ ပြည်တွင်းစစ် ပပျောက်ရေး၊ တိုင်းပြည်အေးချမ်း လုံခြုံ တည်ငြိမ်မှုရရှိရေးနှင့် လက်နက်ကိုင်လမ်း စဉ်စွန့်လွှတ်ရေးဆိုတဲ့ ကြွေးကြော်သံတွေ ကိုလည်း ကြွေးကြော်ခဲ့ကြသည်။