images
UN
UN
ကမ္ဘာ့ကင်ဆာရောဂါနေ့အထိမ်းအမှတ် သုံးနှစ်တာ အသိပညာမြှင့်တင်ရေး လူထုလှုပ်ရှားမှု လူဦးရေ ၂ဝဝဝ ပါဝင်
မောင်စိန်ဝင်း Monday, 04 February 2019
ကမ္ဘာ့ကင်ဆာရောဂါနေ့အထိမ်း အမှတ် သုံးနှစ်တာ ကင်ဆာအသိ ပညာမြှင့်တင်ရေး လူထုလှုပ်ရှားမှု အခမ်းအနားကို ယနေ့နံနက် ၅ နာရီခွဲမှ စတင်၍ ရန်ကုန်မြို့ မြို့မ ကျောင်းလမ်းနှင့် စကားဝါလမ်း ထောင့်နေရာမှ စတင်ချီတက်လမ်း လျှောက်လှုပ်ရှားဆောင်ရွက်ကြရာ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှ ပြည်သူ ၂ဝဝဝခန့် ပါဝင်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကင်ဆာရောဂါ အထိမ်းအမှတ် လှုပ်ရှားဆောင်ရွက် သော လူထုကြီးသည် စကားဝါ လမ်းနှင့် မြို့မကျောင်းလမ်းထောင့် မှမြို့မကျောင်းလမ်းအတိုင်းချီတက် လမ်းလျှောက်လာကြပြီး ဦးဝိစာရ လမ်းမကြီးမှတစ်ဆင့်ဗဟန်းဖူဆယ် ဘောလုံးကွင်း (M3 စားသောက် ဆိုင်ဘေး)သို့ ရောက်ရှိနေရာယူ ကြသည်။ ထို့နောက် ကမ္ဘာ့ ကင်ဆာနေ့အထိမ်းအမှတ် သုံးနှစ် တာ ကင်ဆာအသိပညာပေးအခမ်း အနားကို ကျင်းပရာ ပါဝင်သူ အားလုံးက မိုးပျံပူဖောင်းများလွှတ် တင်၍ ကင်ဆာရောဂါမဖြစ်ပွား စေရေးနှင့်ကင်ဆာကြောင့် သေဆုံး သွားသူများကို စိတ်မကောင်းစွာ ဖြင့် အောက်မေ့ဖွယ် ဆုတောင်းခဲ့ ကြကြောင်း သိရသည်။
ယင်းနောက် မြန်မာနိုင်ငံ ဆရာဝန်အသင်းဥက္ကဋ္ဌ ဆရာကြီး ဦးရဲမရ၊ ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာန တိုင်းဦးစီး မှူး ဒုတိယညွှန်ကြားရေးချုပ် ဒေါက်တာဦးထွန်းမြင့်နှင့်ရွှေရောင် နှင်းဆီ ကင်ဆာဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဒေါက်တာရင်ရင်ထွန်းတို့ က ကမ္ဘာ့ကင်ဆာရောဂါနေ့၏ ၂ဝ၁၉-၂ဝ၂၁ သုံးနှစ်ကြာ လူထု လှုပ်ရှားဆောင်ရွက်ရခြင်း အပါ အဝင် ကင်ဆာရောဂါအကြောင်း နှင့် ကာကွယ်ရေးအသိပညာပေး ဟောပြောခဲ့ကြပြီး တက်ရောက် လာကြသောလူထုကြီးကကျွမ်းဘား အကများဖြင့် ကိုယ်လက်လှုပ်ရှားမှု များ ဆောင်ရွက်ကြကြောင်း သိရ သည်။
ယနေ့ကျင်းပသည့် ကမ္ဘာ့ ကင်ဆာနေ့ လူထုလှုပ်ရှားမှုတွင် မြန်မာနိုင်ငံဆရာဝန်များအသင်းမှ ဆရာဝန်များ၊ သွားဆရာဝန်များ၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီး ကင်ဆာ ဓာတ်ရောင်ခြည်ဌာနမှ ဆရာဝန် များ၊ သူနာပြုများ၊ ရွှေရောင်နှင်းဆီ ကင်ဆာဖောင်ဒေးရှင်းအဖွဲ့များ၊ ကျောင်းသား၊ ကျောင်းသူလေးများ နှင့် ကျန်းမာရေးလေ့လာလိုက်စား ကြသူများပါဝင်ကြကြောင်း သိရ သည်။