images
UN
UN
AAသောင်းကျန်းသူအဖွဲ့ပါဝင်သောမြောက်ပိုင်းမဟာမိတ်အဖွဲ့နှင့်ဆက်စပ်နေသည့် Account များနှင့် ရေးသားဖော်ပြမှုများကို Facebook ပိတ်ပင်
NG Tuesday, 05 February 2019
AA သောင်းကျန်းသူအဖွဲ့ ပါဝင်သော မြောက်ပိုင်းမဟာမိတ်အဖွဲ့နှင့်ဆက်စပ်နေ သည့် Account များနှင့်ရေးသားဖော်ပြမှု များကို ပိတ်ပင်လိုက်ကြောင်း Facebook ကုမ္ပဏီမှထုတ်ပြန်သော သတင်းထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။
ယနေ့ရက်စွဲဖြင့်ထုတ်ပြန်လိုက်သော Facebook ကုမ္ပဏီ၏သတင်းထုတ်ပြန် ချက်အတွင်း၌ ကုမ္ပဏီ၏ဝန်ဆောင်မှုများ ကို ရယူသုံးစွဲသူများအနေဖြင့် အန္တရာယ်ရှိ သောအခြေအနေသို့ရောက်ရှိအောင်ပြုလုပ် ခြင်း၊ သို့မဟုတ်ကြံရွယ်ခြင်းများပြုလုပ် မည်မဟုတ်ဟု သုံးစွဲသူများဆိုင်ရာသဘော တူညီချက်ဖြင့် လက်ခံထားပြီးဖြစ်ကြောင်း၊ အဆိုပါသဘောတူညီချက်နှင့်ကိုက်ညီခြင်း မရှိသောသုံးစွဲသူများနှင့် အသုံးပြုပုံများကို လက်ခံခြင်းမရှိဘဲပိတ်ပင်မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအတွင်းရှိ Facebook အသုံးပြု သူများထဲတွင် မြန်မာနိုင်ငံ၌အန္တရာယ်ကြီး သည့်အဖွဲ့အစည်းအဖြစ်သတ်မှတ်ရမည့် အဖွဲ့လေးဖွဲ့နှင့် ဆက်စပ်နေသူများ၊ သို့ မဟုတ် အဆိုပါအဖွဲ့များအကြောင်းရေး သားဖော်ပြခြင်းများပြုလုပ်နေသူများ ပါဝင် သည်ဟုတွေ့ရှိရကြောင်း၊ထို့ကြောင့် မြန်မာ နိုင်ငံအတွင်း၌အန္တရာယ်ကြီးသည်ဟုသတ် မှတ်နိုင်သည့်အဖွဲ့များဖြစ်သော AA သောင်း ကျန်းသူအဖွဲ့၊ MNDAA အဖွဲ့၊TNLA အဖွဲ့၊KIA အဖွဲ့များအသုံးပြုနေသည့် သို့ မဟုတ်ကိုယ်စားပြုသည်ဟုယူဆနိုင်သည့် Facebook Account များနှင့် Pages များ ကို အပြီးပိတ်ပင်ရန်ဆုံးဖြတ်ခဲ့ကြောင်း၊ ထို့အပြင်အဆိုပါအဖွဲ့လေးဖွဲ့နှင့်ဆက်နွှယ် နေသည်ဟု သတ်မှတ်နိုင်သော Account များနှင့် Pages များကိုပါပိတ်ပင်လိုက်ကြောင်း နှင့် ထပ်မံတွေ့ရှိပါကလည်း ပိတ်ပင်မည် ဖြစ်ကြောင်း၊ ထို့အပြင် အဆိုပါအဖွဲ့လေးဖွဲ့ ကို အားပေးထောက်ခံရာရောက်သည့်ရေး သားဖော်ပြမှုများ၊ လှုပ်ရှားမှုများပြုလုပ် သည်ဟုသတ်မှတ်နိုင်သည့် Account များ နှင့် Pages များကိုလည်းအသုံးပြုခွင့် ပိတ် ပင်သွားမည်ဖြစ်ကြောင်း ဖော်ပြသည်။
အဆိုပါအဖွဲ့လေးဖွဲ့သည် အရပ်သား များအား ပစ်မှတ်ထားသည့်တိုက်ခိုက်မှု များပြုလုပ်ခြင်း၊ မြန်မာနိုင်ငံအတွင်း၌ ပဋိ ပက္ခဖြစ်စဉ်များဖြစ်ပွားစေရန် ရည်ရွယ် လုပ်ဆောင်ခြင်းများ ပြုလုပ်သည်ဟု ယူဆ နိုင်သည့်ခိုင်မာသော သက်သေအထောက် အထားများလည်း ရရှိထားသောကြောင့် ပိတ်ပင်မှုများ ပြုလုပ်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်းလည်း Facebook ကုမ္ပဏီ၏ သတင်းထုတ်ပြန်ချက်အတွင်း၌ အတည်ပြု ဖော်ပြခဲ့သည်။