images
UN
UN
လွှတ်တော်က စီရင်ထုံးတွေထုတ်ပြန်နေတယ်လို့ ဘယ်မဟာပညာရှိကပြောတာလဲလို့ မေးခွန်းထုတ်ချင် . . . လွှတ်တော်ကိုယ်၌က ဥပဒေတွေလုပ်ထုံးတွေကိုမလိုက်နာဘူး ညီညွတ်အောင်မလုပ်ဘူးဆိုရင် သမိုင်းမှာကမ္ပည်းမည်းတင်ခံရနိုင်. .
သာလှ(ပျဉ်းမနား) Tuesday, 05 February 2019
နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ယနေ့နံနက် ၁ဝ နာရီက ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်း မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့် တင်သွင်းထားသည့်ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ(၂ဝဝ၈ခုနှစ်) ပြင်ဆင်ရေးလုပ်ငန်းစဉ်များကို ဆောလျင်စွာဆောင်ရွက်နိုင်ရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီတစ်ရပ်ကို သင့်လျော်သည့်ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များနှင့်ဖွဲ့စည်းရန် ပြည်ထောင်စုလွှတ်တော်သို့တိုက်တွန်းကြောင်း အဆိုနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ် ၃ဝ က ဆွေးနွေးခဲ့ကြသည်။
ယင်းဆွေးနွေးမှုတွင် မင်းကင်းမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးမောင်မြင့်က အဆိုနှင့်ပတ်သက်၍ ကန့်ကွက်ဆွေးနွေးခဲ့သည်များကို ဖော်ပြအပ်ပါသည်။

လေးစားအပ်တဲ့ နာယကကြီးနဲ့ တက်ရောက်လာသူများအားလုံး မင်္ဂလာ ပါခင်ဗျာ။ ကျွန်တော် မင်းကင်းမဲဆန္ဒ နယ်မှ ဦးမောင်မြင့်ဖြစ်ပါတယ်။
ကျွန်တော့်အနေနဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြင်သင့်တာတွေ၊ ပြင်နိုင်တာ တွေကို ဥပဒေလုပ်ထုံးများနဲ့အညီ ပြင် သင့်တဲ့အချိန်မှာ ပြင်ရမယ်ဆိုတာကို ယေဘုယျ လက်ခံပါတယ်။ လုပ်ထုံး တွေ၊ ဥပဒေတွေကို ကျော်လွန်ပြီး ပြင် ဖို့ လုပ်တာကိုတော့ လက်မခံပါဘူး။ လုပ်ခဲ့ရင်လည်း Legitimacy မရှိနိုင်ပါ ဘူးဆိုတာ ဦးစွာတင်ပြလိုပါတယ်။
ဦးအောင်ကြည်ညွန့် တင်သွင်းတဲ့ အရေးကြီးအဆိုနဲ့ ပတ်သက်ပြီး ဗိုလ်ချုပ် သန်းစိုးက ကန့်ကွက်တင်ပြခဲ့ပါတယ်။ နာယကက သူ့ကိုမိုက်မပေးပါဘူး။ ဒေါက်တာမြတ်ဥာဏစိုးကထောက်ခံတင် ပြတော့မိုက်ပေးပါတယ်။ ကျွန်တော့်ကို တော့ တင်ပြခွင့်တောင်မှမပေးခဲ့ပါဘူး။
ဒါကို ပြန်ကြည့်ရင် နာယကကြီးက အဆိုကို ထောက်ခံမှ မိုက်ပေးတာလား၊ ပြောခွင့်ပြုတာလားလို့ လွှတ်တော်ချယ် နယ်ကို Live ကြည့်နေကြတဲ့ ပြည်သူ တွေက မေးခွန်းထုတ်လာကြတဲ့အတွက် ဒီဖြစ်စဉ်ဟာ လွှတ်တော်ကြီးရဲ့ Credibility ကို များစွာကျဆင်းစေခဲ့ပါတယ်။
နောက်တစ်ခါ Live ပြနေရင်းနဲ့ တပ် မတော်သားကိုယ်စားလှယ်တွေမတ်တတ် ရပ်ကန့်ကွက်တယ်၊ ကျွန်တော်လည်း ပါတယ်။
အဲဒီမှာ Live ပြနေတာကိုရပ် ပြီး ဟေမာနေဝင်းသီချင်း လွှင့်ထုတ်ပေး တယ်ဆိုတာဟာလည်း လွှတ်တော်ကြီး ရဲ့Transparency ကို များစွာထိခိုက် စေခဲ့ပါတယ်။ မြန်မာ့အသံကတော့ Technical Fault လို့ ပြောပေမယ့် ဒီကိစ္စ ဟာ ဒီအချိန်မျိုးမှာ ဘယ်လိုမှ မဖြစ်သင့် တဲ့ ကိစ္စပါခင်ဗျား။
ဒေါက်တာမြတ်ဥာဏစိုးက ပထမ အကြိမ် ပြည်ထောင်စုလွှတ်တော်မှာ ဆောင်ရွက်ခဲ့တာတွေဟာ Precedent လို့ ခေါ်တဲ့ စီရင်ထုံးဖြစ်သွားတယ်လို့ ပြော ဆိုတာကိုလည်း ကန့်ကွက်ပါတယ်။ လွှတ်တော်က စီရင်ထုံးတွေ ထုတ်ပြန်နေ တယ်လို့ ဘယ်မဟာပညာရှိက ပြောတာ လဲလို့ မေးခွန်းထုတ်ချင်ပါတယ်။
အဲဒီတုန်းကဆောင်ရွက်ခဲ့တာကိုပြန် လေ့လာရင် အခြေခံဥပဒေကို ပြင်ဆင်ဖို့ ပူးပေါင်းကော်မတီ ဖွဲ့စည်းပေးတာ မဟုတ်ဘဲ၊ ဥပဒေကို လေ့လာသုံးသပ်ဖို့ ပြည်ထောင်စုလွှတ်တော်က ပူးပေါင်း ကော်မတီဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။ အခြေခံဥပဒေကို ပြင်ချင်ရင် ဥပဒေတွေ နည်းဥပဒေတွေ အတိအလင်း ပြဋ္ဌာန်း ထားပါလျက်နဲ့ Precedent ကို လိုက်နာ လုပ်ဆောင်ရမယ်ဆိုတာဟာ အခြေခံ ဥပဒေကို ဖြတ်လမ်းနည်းနဲ့ ပြင်ဖို့ကြိုး စားနေတာ ပေါ်လွင်ပါတယ်။
အဆိုရှင်က သူ့အဆိုဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ၄၃၃၊ ၄၃၄၊ ၄၃၅ တို့နဲ့ သက်ဆိုင်ခြင်းမရှိဘဲ နည်းဥပဒေ ၆၆ အရ တင်ပြခြင်း ဖြစ်တယ်လို့ဆိုပါတယ်။ မှားပါတယ်ခင်ဗျာ။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်မယ်ဆိုရင် ၄၃၃၊ ၄၃၄ နဲ့ ၄၃၅ တို့ကို မျက်ကွယ်ပြု ရှောင်လွှဲလို့ မရပါဘူး။
အဆိုရှင်က မြို့တစ်မြို့နှစ်မြို့မှာ လူ ၁ဝဝ လောက်က စတစ်ကာကမ်ပိန်း လုပ်တာနဲ့ပဲ အဲ့ဒါကိုလွှတ်တော်က မသိ ကျိုးကျွန်ပြုလို့ မသင့်လျော်ဘူးဆိုပြီးပြော တာဟာ အင်မတန်ရယ်စရာကောင်းတဲ့ အချက်ပါပဲ။ အဲဒီလူတွေ ဘယ်သူ့စနက် ကြောင့် စတစ်ကာကမ်ပိန်းလုပ်ကြတယ် ဆိုတာကိုလည်း ပိုပြီးပေါ်လွင်ထင်ရှား လာစေပါတယ်။
အဆိုရှင်ကသူရဲ့အဆိုကို''အရေးကြီး အဆို''အနေနဲ့ တင်ပြတယ်။ အရေးကြီး အဆိုနဲ့ပတ်သက်ပြီး ပြည်ထောင်စုလွှတ် တော် နည်းဥပဒေ၆၆(က)အရ ကိုက်ညီ ရမယ့်အချက်ငါးချက်ရှိပါတယ်။ အဲဒီ ထဲက အရေးကြီးတဲ့အချက်နှစ်ချက်ကိုပဲ ကောက်နုတ်တင်ပြလိုပါတယ်။
၆၆(က)(၂)အရ ''ယင်းအဆိုသည် လောလောဆယ်ပေါ်ပေါက်လာသော ကိစ္စလည်းဖြစ်၍ အများပြည်သူနှင့် အရေးတကြီးသက်ဆိုင်သောကိစ္စလည်း ဖြစ်ပြီးလျှင် လွှတ်တော်၏ဆုံးဖြတ်ချက် ကို ရယူရန်လိုအပ်သောကိစ္စလည်း ဖြစ်ရ မည်''လို့ဖော်ပြပါရှိပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေက အများ ပြည်သူနဲ့သက်ဆိုင်တယ်ဆိုပေမယ့် လော လောဆယ်ပေါ်ပေါက်လာတဲ့ကိစ္စလား၊ ၂ဝဝ၈ ခုနှစ်ကတည်းက အတည်ပြုခဲ့တဲ့ ဥပဒေပါ။ အခုဆိုရင်၁ဝ နှစ်ကြာခဲ့ပါပြီ။ ဒါကိုပြင်ဖို့ အလောသုံးဆယ်လုပ်စရာ မလိုပါဘူး။ဒါကြောင့် ဒီကိစ္စအတွက်နဲ့ စပ်လျဉ်းပြီး အရေးကြီးအဆိုတင်တာကို လက်မခံပါဘူး။

နောက်တစ်ဖန် ၆၆(က)(၃)မှာကျ တော့''လွှတ်တော်တွင် သာမန်နည်း လမ်းအားဖြင့် တင်ပြဆွေးနွေးရန်မဖြစ်နိုင် သောကိစ္စဖြစ်ရမည်''လို့ဆိုထားပါတယ်။ ဒီကိစ္စဟာသွေးရိုးသားရိုးဆိုရင် အခြေခံ ဥပဒေ ၄၃၃၊၄၃၄နဲ့ ၄၃၅ တို့အရ သာမန် နည်းလမ်းနဲ့ ဆောင်ရွက်နိုင်တဲ့ကိစ္စဖြစ် လို့ အရေးကြီးအဆိုရဲ့ အင်္ဂါရပ်နဲ့မညီ ညွတ်ပါဘူးခင်ဗျ။
ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ ကျွန် တော်တို့ရဲ့ Mother Law ပါ။ ပုဒ်မ ၄၃၃(က)မှာ ''ဖွဲ့စည်းပုံအခြေခံ ဥပဒေ ကိုပြင်ဆင်ရန် တင်သွင်းသောအဆိုကို ဥပဒေမူကြမ်းအဖြစ် တင်သွင်းရမည်''လို့ ပြဋ္ဌာန်းထားတဲ့အတွက် တစ်ဖက်လှည့် နဲ့ ဥပဒေပြင်ရန် ကော်မတီဖွဲ့ဖို့အရေးကြီး အဆိုတင်ခြင်းဟာ အခြေခံဥပဒေနဲ့ဖြောင့် ဖြောင့်ကြီးဆန့်ကျင်နေပါတယ်။
အဲဒီဘက်ကပြင်ဆင်မယ့်ဥပဒေကြမ်း ကို လွှတ်တော်ကိုမတင်ပေမဲ့ Social Media မှာ ဥပဒေကြမ်းက အတော်လေး ပျံ့နှံ့နေတာ သွေးရိုးသားရိုးမှဟုတ်ရဲ့လား လို့ ယူဆစရာဖြစ်နေပါတယ်။
ပုဒ်မ ၄၃၄ ကတော့ ''ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရန် ဥပဒေ မူကြမ်းကို ပြည်ထောင်စုလွှတ်တော်တွင် တင်သွင်းရမည်''လို့ ဖော်ပြထားပါ တယ်။ ဒါကြောင့် ပြင်ဆင်မယ့်ဥပဒေမူ ကြမ်းရှိရင် ပြည်ထောင်စုလွှတ်တော်ကို တင်ပါလို့ပဲ တိုက်တွန်းလိုပါတယ်။
ပုဒ်မ ၄၃၅ မှာတော့ ''ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရန် ဥပဒေမူ ကြမ်းကို ပြည်ထောင်စုလွှတ်တော်ရှိ လွှတ်တော်ကိုယ်စားလှယ်စုစုပေါင်း၏ ရာခိုင်နှုန်း ၂ဝ က တင်ပြလာလျှင် အဆို ပါပြင်ဆင်ချက် ဥပဒေမူကြမ်းကို ပြည် ထောင်စုလွှတ်တော်က လက်ခံ ဆွေးနွေး ရမည်''လို့ ဖော်ပြထားပြီး ရာခိုင်နှုန်း ၂ဝ လက်မှတ်ရရှိအောင် အဆိုရှင်အနေနဲ့ မခက်ခဲလောက်ဘူးလို့ ယူဆပါတယ်။
တစ်ဖန် ပြည်ထောင်စုလွှတ်တော် နည်းဥပဒေ ၁၃၃မှာ ကိုယ်စားလှယ် ရာခိုင်နှုန်း ၂ဝ က လက်မှတ်ရေးထိုးပြီး ဥပဒေကြမ်း တင်ရမယ်၊ ၁၃၅မှာ အဲဒီ ဥပဒေကြမ်းကို ပူးပေါင်းကော်မတီဖွဲ့ပြီး စိစစ်လေ့လာရမယ်။ ၁၃၆အရ ပူးပေါင်း ကော်မတီရဲ့ လေ့လာတွေ့ရှိချက်တွေကို ကြိုတင်ဝေငှရမည်ဆိုတဲ့ အချက်တွေကို ရော အဆိုရှင်အနေနဲ့ လေ့လာဖတ်မှတ် ခဲ့ဖူးပါရဲ့လား၊ ဖတ်မှတ်ခဲ့ဖူးတယ်ဆို ရင် ဘာကြောင့် မျက်ကွယ်ပြုသလဲလို့ မေးခွန်းထုတ်ချင်ပါတယ်။
တပ်မတော်သားကိုယ်စားလှယ် ဗိုလ် မှူးချုပ်မောင်မောင်က ဒီကိစ္စဟာ ဥပဒေ ကို လက်တစ်လုံးကြား လုပ်တယ်လို့ ပြောတော့ နာယကက ဒီစကားအသုံး အနှုန်းကိုကန့်ကွက်ပြီးမှတ်တမ်းကနေပယ် ဖျက်ခဲ့ပါတယ်။ မှန်ပါတယ်ခင်ဗျာ၊ ဗိုလ် မှူးချုပ်မောင်မောင် ပြောသလို ဒီကိစ္စ ဟာ ဥပဒေကို လက်တစ်လုံးကြား လုပ် တာမဟုတ်ပါဘူး။ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ၄၃၃၊ ၄၃၄၊ ၄၃၅တို့နဲ့လည်း ကောင်း၊ ပြည်ထောင်စုလွှတ်တော်နည်း ဥပဒေ ၁၃၃၊ ၁၃၅ တို့နဲ့လည်းကောင်း၊ နည်းဥပဒေ ၆၆(က)နဲ့လည်းကောင်း မညီညွတ်ခြင်း၊ ဖြောင့်ဖြောင့်ကြီးဆန့်ကျင် ခြင်းသာဖြစ်ပါကြောင်း ထပ်လောင်းပြော ကြားလိုပါတယ်။
နာယကကြီးခင်ဗျား အားလုံးသေ သေချာချာ နဖူးပေါ်လက်တင်ပြီး စဉ်း စားကြည့်ကြစမ်းပါလို့ တိုက်တွန်းချင် ပါတယ်။ ခုဖြစ်နေတာက ''ယုန်မရခင် သံပရာရှာ''ဆိုသလို ဖြစ်နေပါတယ်။ ဥပဒေကြမ်းတင်လာတဲ့အခါကျမှ လုပ်ရ မယ့်ကော်မတီဖွဲ့၊ စိစစ်ရမယ့်ကိစ္စကို ကော်မတီဖွဲ့ပြီး ပြင်ရမယ့်အချက်တွေကို ရှာဖွေမယ်ဆိုတာကတော့ ဇောက်ထိုး ပြောင်းပြန်ဖြစ်နေပါတယ်ခင်ဗျာ။
နာယကကြီးပြောတဲ့ All Inclusive ဖြစ်အောင်လုပ်တာကို လက်ခံပါတယ်။ ဒါပေမဲ့ပြင်ဆင်မယ့်ဥပဒေကြမ်းတင်လာတဲ့ အခါ All Inclusive ဖြစ်အောင် ကော် မတီဖွဲ့ပါ။ ဒါကိုကြိုဆိုပါတယ်။
နိဂုံးချုပ်အနေနဲ့ တင်ပြချင်တာက တော့ လွှတ်တော်ဆိုတာ ဥပဒေပြုရေး မဏ္ဍိုင်ရဲ့ အချုပ်အခေါင်ပါပဲ။ လွှတ်တော် ကိုယ်၌က ဥပဒေတွေ၊ လုပ်ထုံးတွေကို မလိုက်နာဘူး။ ညီညွတ်အောင် မလုပ်ဘူး ဆိုရင်သမိုင်းမှာ ကမ္ပည်းမည်းတင်ခံရနိုင် ပါတယ်။ဒါကြောင့် ကမ္ပည်းမည်းအတင် မခံရလေအောင် ဦးအောင်ကြည်ညွန့်ရဲ့ အဆိုကို အလေးအနက်ကန့်ကွက်ပါ ကြောင်း နာယကကြီးမှတစ်ဆင့် လေး စားစွာတင်ပြအပ်ပါတယ်ခင်ဗျား။