images
UN
UN
စာကောင်းပေကောင်းရဲ့ အရသာ
ချစ်နိုင်(စိတ်ပညာ) Wednesday, 06 February 2019
''လူတစ်ယောက်၏ ကြီးကျယ်မြင့် မြတ်မှုနှင့် ပတ်သက်သည့် စစ်မှန်သော တိုင်းတာမှုမှာ ပြည်သူတို့အား သူပေး ဆပ်ခဲ့သည့် အလုပ်အကျွေးပမာဏပင် ဖြစ်သည်။ ကြီးကျယ်မြင့်မြတ်သည့် ဘာသာတရား အားလုံးတို့က ပြည်သူကို အလုပ်အကျွေး အပြုနိုင်ဆုံးသူသာလျှင် အမြင့်မြတ်ဆုံးဟု ပြသသင်ကြားခဲ့ကြ ပေသည်''
ဒဗလျူ၊ အယ်လ်၊ ဘန်းနယ် (၁၉၃၇ ခုနှစ်က ဖျာပုံခရိုင်ဝန်တာဝန် ထမ်းဆောင်ခဲ့သူ)
စိန်ကဲရွှေကဲ
မေးပြီ။ သင်ဟာဘယ်လိုလူစားလဲ
ဝတ္ထုတိုတစ်ပုဒ်ထဲမှာ -
ဖခင်ဖြစ်သူက သမီးရဲ့ ရည်းစား အမျိုးသားကို သူ့တိုက်အိမ်ကြီးပေါ် ခေါ် လာစေပြီး စကားပြောကြည့်တယ်။ သမက်လောင်းရွေးတဲ့ လူတွေ့နှုတ်မေး စစ်ဆေးခြင်းပဲ ဆိုပါစို့။ စကားတွေ ပြောဆိုကြပြီး လူငယ်လေး ပြန်သွား တယ်။ အဖေနဲ့ သမီးပဲ ကျန်ခဲ့တယ်။ အင်တာဗျူးရဲ့ ရလဒ်ကို သိလိုတဲ့သမီး က မေးတယ်-
''ဖေဖေဘယ်လိုသဘောရပါသလဲ''
''အဖြေကို အရင်ပြောရမလား။ မြင်တာကို အရင်ပြောရမလား''
သမီးက ဖေဖေ့မျက်နှာ၊ မျက်လုံးကို အကဲခတ်တယ်။ အဖြူအမည်း မသဲကွဲ ဘူး။ ဖခင်ရဲ့မျက်နှာက အများအားဖြင့် အကဲခတ်ရခက်တယ်။
''ဖေဖေ ပြောချင်တဲ့အရာကို အရင် ပြောပါ။ သမီးနားထောင်နေပါတယ်''
''ကဲ ဒါဆို ဖေဖေ့စိတ်ထဲရှိရာကို ပြောပြမယ်သမီးရယ်။ လောကကြီးမှာ ငွေကြေး၊ ပစ္စည်းဥစ္စာ၊ ချမ်းသာတာ ဆင်းရဲတာဟာ အဓိကမကျပါဘူးသမီး။ ဖေဖေ့သဘောထားကို သမီးလည်း သိပြီးသားပါပဲ။ ဒီတော့ ပစ္စည်းဥစ္စာ၊ ငွေကြေး၊ ဂုဏ်အင်္ဂါ စတဲ့ အရာတွေ ဆင်းရဲချင် ဆင်းရဲပါစေ အရေးမကြီး ပါဘူး။ ဘာပဲဖြစ်နေနေ -
(၁) ရည်မှန်းချက် မဆင်းရဲရဘူး။
(၂) အတွေးအခေါ် မဆင်းရဲရဘူး။
လူကဲခတ်
စာမဖတ်ရင် အဲဒီလူဟာ ဦးနှောက် ဗလာပဲ။
သမီးခေါ်တွေ့ပေးတဲ့ လူငယ် လေးကို ဖေဖေ တစ်နာရီကျော်ကျော် စကားပြောကြည့်လိုက်တဲ့အခါ သူ့ရဲ့ အခြေအနေ၊ သူ့အရည်အသွေးကို ဖေဖေ တွေ့မြင်လိုက်ရပြီ။ သူဟာ-
(၁) ရည်မှန်းချက်ဆင်းရဲတယ်။
သူ ဘာဖြစ်ချင်သလဲ သဲသဲကွဲကွဲ သူကိုယ်တိုင် မသိဘူး။
(၂) အတွေးအခေါ်ဆင်းရဲတယ်။
အခုအချိန်အထိ ဘာစာကောင်းပေ ကောင်းကိုမှ မှတ်မှတ်ရရ မဖတ်ဖူးဘူး။ စာဖတ်အား အလွန်နည်းပါးလွန်းတယ်။
(၃) အသိပညာဆင်းရဲတယ်။
ခေတ်ပေါ်အဝတ်အစားဝတ်ချင်တယ်။ တန်ဖိုးကြီးပစ္စည်း Brand ပဲ သုံးချင် တယ်။ ကားအကောင်းကြီးမှ စီးချင် တယ်။ ဒါပေမဲ့ ဝင်ငွေတော့ လိုက်နိုင် အောင် မရှာတတ်ဘူး။
(၄) အမြော်အမြင်ဆင်းရဲတယ်။
(စာမဖတ်လို့ဘဲ)
အရွယ်ရှိချိန်မှာ ငွေကြေး မချမ်းသာ ရင် ရှာဖွေလို့ရပါတယ်။ စိတ်ဓာတ်နဲ့ သဘောထားတွေ ဆင်းရဲနေရင်တော့ (သူများက ပြုပြင်လို့မရဘူး) မိမိကိုယ် တိုင် ကိုယ့်အသိစိတ်နဲ့ ပြုပြင်မှရနိုင် တယ် စသဖြင့်။
အသိအမြင်ရ
အဖေနဲ့ သမီးရဲ့ ဆွေးနွေးကြတဲ့ စကားလေးတွေ ဖတ်ရတဲ့အခါ အသိ အမြင်လည်းရတယ်။ မိဘနဲ့ သားသမီးရဲ့ ချစ်တဲ့ စိုးရိမ်တဲ့ အပြန်အလှန်စာနာမှု ရသခံစားချက်တွေလည်းပါ။ ဖတ်ရတာ တန်ဖိုးရှိတယ်။ ဝတ္ထုတို (We Chat အင်တာနက်မှာ ဖတ်ရတာကို ပြန်ရေးပြ ထားတာ ဖတ်ရလို့) မှတ်မိသမျှ ပြန် တင်ပြခြင်းပါ။
စာရေးသူရဲ့ နှလုံးသားထဲထိအောင် ထိုးဖောက်ဝင်ရောက်လာတဲ့ စကား တစ်ခွန်းက ဖခင်ဟာ သမီးရဲ့ချစ်သူကို စာမဖတ်ကြောင်း တီးခေါက်ကြည့်လို့ သဲသဲကွဲကွဲ သိရတဲ့အခါ ဒီလူအတွေး အခေါ် ဆင်းရဲတယ်။ အသိပညာဆင်းရဲ တယ်လို့ ကွဲကွဲပြားပြား သုံးသပ် ဆုံး ဖြတ်လိုက်တဲ့အချက်ပါပဲ။ ကြည့်ပါဦး-
- စာဖတ်ခြင်း မဖတ်ခြင်း
- စာဖတ်တဲ့အလေ့အထရှိသူနဲ့ စာ မဖတ်သူ
- အနှစ်ရှိသောသူနဲ့ အနှစ်မဲ့သော သူ သိသိသာသာ ကွဲပြားခြားနားလှချေ တကား။
''စာဖတ်သောပြည်သူများ၏ တိုင်း ပြည်တို့သည် တိုးတက်ဖွံ့ဖြိုးကြသည်။ တိုးတက်ဖွံ့ဖြိုးနေသော တိုင်းပြည်များရှိ ပြည်သူများသည် စာဖတ်ခြင်း အလေ့ အထရှိနေကြသည်''တဲ့ ဖတ်ရဖူးတယ်။ ဟုတ်ပေလိမ့်မယ်။ ဒီလိုပါပဲ။
အလေ့အကျင့်
စာဖတ်တဲ့ အလေ့အကျင့်ရှိကြတဲ့ မိသားစုက ဘဝအဆင့်အတန်း၊ လူနေမှု အဆင့်အတန်း မြင့်မားသွားကြတာပဲ။ စာမဖတ်ကြတဲ့ အိမ်ထောင်စုတွေဟာ အသိဥာဏ်ပညာ ခေါင်းပါးတာနဲ့အမျှ ပို၍ပို၍ ဆင်းရဲနိမ့်ကျတဲ့ ဘဝတွေထဲ ကျဆင်းသွားရတယ်။
- လောင်းကစားမှုတွေ
- လိမ်လည်မှုတွေ
- ရာဇဝတ်မှုတွေ၊ အမှုအခင်းဖြစ်မှုတွေ
- မူးယစ်သောက်စားသုံးဖြုန်းမှုတွေ
- ကျန်းမာရေးချို့တဲ့မှုတွေ
- လူမှုရေးပြဿနာတွေ
လူရဲ့အသိအမြင် ဗဟုသုတနဲ့ အသိ ပညာဆင်းရဲမှုဟာ လူနေမှုဘဝဆင်းရဲ တွင်းထဲသို့ ဆွဲခေါ်ကျရောက်စေတယ်။
ပညာအလင်းရောင်မရလေတော့ မှောင် မိုက်တဲ့ ဆင်းရဲတွင်းထဲ ကျကြရတယ်။
ကျောင်းစာ၊ စာသင်ခန်း၊ စာသင် ကျောင်းမှာ သင်ယူရုံနဲ့ ဘဝပညာဟာ မလုံလောက်ပါ။
စာသင်ကျောင်းက စာကြည့်တိုက်နဲ့ ရပ်ရွာစာကြည့်တိုက်၊ စာဖတ်ခန်း၊ မြို့နယ်ပြန်ကြားရေး(အခမဲ့) စာကြည့် တိုက်တွေမှာရှိနေတဲ့ စာအုပ်စာပေ၊ သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း(စာနယ် ဇင်း)တွေကို အချိန်ရသမျှ နေ့စဉ်၊ အပတ်စဉ်၊ လစဉ်လေ့လာဖတ်ရှုနေပါမှ ဗဟုသုတအမြင်အကြား တိုးပွားတယ်။
သမိုင်းစဉ်မြင်ရ
အတန်းပညာ၊အခြေခံပညာကိုးတန်း ဆယ်တန်းအောင်တာ ဘွဲ့ရတာထက် ပြင်ပဗဟုသုတစာနယ်ဇင်းတွေနဲ့ သုတ ရသစာပေတွေကို ဘယ်လောက်များများ ထိတွေ့ မှတ်သားခဲ့သလဲဆိုတဲ့ စာဖတ် အတွေ့အကြုံက ပိုပြီး လေးနက်ကျယ် ပြန့်တယ်။
စာပေက ကာလအကန့်အသတ်ကို ပျံသန်းဖြတ်ကျော်နိုင်တယ်။ ဗိုလ်ချုပ် အောင်ဆန်းနဲ့လည်း (စာအုပ်ထဲမှာ) အနီးကပ်တွေ့ ဆုံနိုင်တယ်။ ဝန်ကြီးချုပ် ဆာဝင်စတန်ချာချီ၊ ဗိုလ်ချုပ်ကြီးဒီဂေါ၊ အိန္ဒိယသမ္မတအဗဒူကာလမ်၊ တရုတ် ခေါင်းဆောင်ကြီးမော်စီတုံး၊ ပြဇာတ် ရေးဆရာ ဝီလျှံရှိတ်စပီးယား၊ မြန်မာ စာဆိုစလေဦးပုည စတဲ့ ကျော်ကြား ထင်ရှားသူများနဲ့ တွေ့ဆုံနိုင်တယ်။ ကာလအကန့်အသတ် အပိုင်းအခြားကို ဖြတ်သန်းကျော်လွှားသွားနိုင်တာ စာပေ ရဲ့ထူးခြားတဲ့ စွမ်းအားပဲ။ သမိုင်းခရီးစဉ် ကြီးကို မြင်ကွင်းကျယ် ကြည့်မြင်နိုင် တယ်။
စာအုပ်စာပေတွေက ဖတ်လေဖတ် လေ စိတ်ဝင်စားစရာတွေက ဆွဲဆောင် ကြလို့ ဖတ်ချင်လေလေ ဖတ်လို့မဝနိုင် လေလေ ဆွဲဆောင်ပါတယ်။ စွဲမက်စေ ပါတယ်။ တောင်တစ်ခုဟာ အတက်မှာ သာ မောတာပါ။ ထိပ်ရောက်ပြီး မြင် ကွင်းကျယ်မြင်ရတဲ့အခါ အင်မတန်နှစ် သက်ကြည်နူးရတဲ့အရသာကို ခံစားရ တယ်။ ဒီလိုပဲ။ စာဖတ်ကျင့် မရသေး ခင် ကြိုးစားပမ်းစား မိမိကိုယ်ကို အား တင်းပြီး စာဖတ်ကျင့်ရအောင် လေ့ကျင့် ရပါတယ်။ ကြိုးစားအားထုတ်ပါ။
ပျိုးထောင်ရ
စာဖတ်ကျင့်ကို ကိုယ်တိုင်ပျိုးထောင် ရပါလိမ့်မယ်။ အကျင့်စွဲပြီဆိုရင် ကောင်း မှန်း သိသွားပြီ။ စာဖတ်လို့ရတဲ့အကျိုး ကျေးဇူးရှိတာတွေကို အရသာတွေ့နေပြီ။ စာအုပ်ကောင်းတွေ ရှာဖွေပြီး ဆက် ကာဆက်ကာ ဖတ်မိသွားမှာပါ။
- ချီလေသော်လည်း
- တိုက်ယူရသည့်မျက်ရည်တစ်ပေါက်
- နန်းဟာဗီး
- ချစ်ဇနီးသို့
- သေသော်မှတည့်သြော်ကောင်း၏
- ရွှေဝါပြည်
အစရှိတဲ့ ထင်ရှားကျော်ကြားတဲ့ စာအုပ် ပေါင်းများစွာ ရေးသားခဲ့တဲ့ စာရေးဆရာ ရန်ကုန်ဘဆွေ(ငယ်နာမည်မောင်လှမောင်) ဆိုတဲ့ပုဂ္ဂိုလ်ဟာ ငယ်စဉ်က စာသင် ကျောင်း လုံးဝမနေဖူးဘူး။ သူ့အစ်ကို ကြီးက အိမ်မှာပဲ သူ့ကို စာသင်ပေးလို့ မြန်မာစာတတ်ခဲ့တယ်။ ရန်ကုန်ဘဆွေ က ကိုယ်တိုင်စာအုပ်စာပေတွေ ရှာဖွေ လေ့လာတယ်။ အင်္ဂလိပ်စာ၊ ပါဠိစာပေ တို့ကိုလည်း ကိုယ်တိုင်သင်ယူဆည်းပူး ခဲ့တယ်။ ဘယ်ကျောင်းဘယ်တက္ကသိုလ် မှ မတက်ခဲ့ဖူးဘူးတဲ့။
နိုင်ငံကျော်စာရေးဆရာ၊ ပန်းချီဆရာ၊ ထူးခြားထူးချွန်တဲ့ ပါတိတ်ပန်းချီ ဒီဇိုင်း ပညာရှင်၊ရုပ်ရှင်ပြဇာတ်ဒါရိုက်တာဖြစ်ခဲ့ ပါတယ်။ သူ့ခေတ်သူ့အခါ လူတော်ပဲ။
ကျောင်းမနေခဲ့ဖူးပေမယ့် ကိုယ်တိုင် ကြိုးစားလေ့လာစူးစမ်းမှုနဲ့ စာပေဖတ်ရှုမှု အားကောင်းခဲ့တာကြောင့် စာရေးဆရာ ကြီး ဖြစ်လာတာပေါ့။
နောက်တစ်ယောက်
ပခုက္ကူဦးအုံးဖေဆိုတဲ့ ထနောင်း ကုန်းတိုက်နယ်ရှားတောရွာသားဦးဖိုးယူ- ဒေါ်ကြက်ရုံးတို့ ဆေးရွက်ကြီးတောင်သူ ရဲ့သား၊ ဘုန်းကြီးကျောင်းမှာပဲ လေးငါး နှစ် စာသင်ခဲ့ရဖူးတယ်။ အတန်းကျောင်း မနေခဲ့ဖူးပါ။ ပညာရေးလေးတန်းတောင် မအောင်ဘူး။ မြန်မာစာ ရေးတတ်ဖတ် တတ်ရုံအဆင့် တောသူတောင်သား။
လူငယ်ဘဝ ဆင်းရဲမွဲတေလှတော့ အလုပ်မျိုးစုံ လုပ်ခဲ့ရတယ်။ ကြမ်းတမ်း တဲ့ဘဝမှာ လူဆိုးလူပေ သူခိုးဓားပြဖြစ်ခဲ့ တယ်။ဓားပြခေါင်းဆောင်အဖြစ် အကြိမ် ကြိမ်ဓားပြတိုက်ဖူးတယ်။(ကိုယ်တိုင်ရေး ခဲ့တဲ့စာအုပ်မှာပါတယ်။) ဓားပြရှစ်ကြိမ် တောင်တိုက်ခဲ့တယ်။ ထောင်သုံးခါကျဖူး ခဲ့တယ်။ လူငယ်အရွယ်က လူဆိုးလူမိုက် ဘဝအသက် ၂၉ နှစ်အထိ ကျင်လည်ခဲ့။ ဒါပေမဲ့ ထောင်သားဘဝမှာ ထောင်မှူး ကြီး ဦးမောင်မောင်တင်က ထောင်တွင်း စာကြည့်တိုက်ထူထောင်ပေးပြီး စာဖတ် စေတဲ့အခါ ဓားပြမှုတရားခံ ကိုအုံးဖေက စာအများကြီး ဖတ်မိသွားတယ်။
ပထဝီဝင်
ဗသုသုတလည်း အများကြီးတိုးသွား တယ်။ စာအုပ်စာပေထဲမှာ ပထဝီကမ္ဘာ မြေအကန့်အသတ်မရှိဘူး။ သမုဒ္ဒရာကြီး တွေ၊ တိုက်ကြီးတွေ၊ ဝင်ရိုးစွန်းတွေ၊ တောတောင် ရေမြေ၊ ရာသီဥတု၊ မိုးလေ ဝသအကြောင်း၊ပထဝီနိုင်ငံရေးအကြောင်း သိမြင်လာတယ်။
ကိုအုံးဖေဟာ စာအုပ်စာပေဖတ်ရှု လေ့လာတဲ့အကျိုးကြောင့် အမှောင်တွင်း က သူ့ဘဝကို သူပြန်မြင်ပြီး အလင်း ရောက်အောင်ပြောင်းလဲမယ်လို့ ဆုံးဖြတ် လိုက်တယ်။ တိုတိုပြောရရင် အသက် ၃ဝ အရွယ်မှာ သုံးကြိမ်မြောက်ထောင် ကျပြီး လွတ်လာတဲ့နေ့ကစကာ ဓားပြ သူခိုးလူဆိုးဘဝကို လုံးလုံးစွန့်လွှတ်လိုက် တော့တယ်။ ကောင်းကောင်းမွန်မွန် နေထိုင်လုပ်ကိုင်ကြိုးစားတော့ ရွာသူကြီး၊ ဈေးကောက်၊ ပွဲစား၊ ကုန်သည်၊ ဆေး ပေါင်းရုံပိုင်ရှင်၊ ဗာဂျီးနီးယား ဆေးရွက် ကြီးကိုယ်စားလှယ်၊ ပခုက္ကူမြို့မှာ မြို့ မျက်နှာဖုံးသူဌေး၊ ပါတီကောင်စီခေတ် မှာ သူက မြို့နယ်အချိန်ပိုင်း ပြည်သူ့ တရားသူကြီး။
ဓားပြက တရားသူကြီးတက်ဖြစ်လာ ပြီ။ စာပေတန်ခိုးနဲ့ လူဆိုးမှ လူကောင်း ပြောင်းစေခဲ့တ