images
UN
UN
အမှားနဲ့ အမှန် (ကဗျာ)
ကိုလှ (နပတ) Saturday, 09 February 2019
* အမှားနဲ့မှန် အမှန်နဲ့မှား
ဘယ်မှာသွားသွား သီးခြားရှိနေ
ပြည်သူတွေလည်း သဲကွဲအသိ
ရင်ထဲရှိပြီ မှားသည့်အရာ
အဖြေရှာတော့ သူငယ်ချင်း။
* ဖြေလည်းမရှာ လာရာသည်လမ်း
မြေစမ်းခရမ်းပျိုး သည်မျိုးမမှန်
ပင်သန်မရှိ အသိတရား
ပစ်ပယ်ထားရင် ကြာလျှင်တို့ပြည်
ပျက်စီးမည်တည့်။
* အမှားကိုသိ အမှန်ကြည့်မှ
တို့၏နစ်နာ ရှည်ကြာမကောင်း
အကြောင်းကြောင်းတွေ သောင်းပြောင်းထွေလာ
ကမ္ဘာမှစ ပြောနေကြတာ
ဓမ္မတာကို ဘေးမှာသာထား
ကိုယ့်ပြည်သားတွက် ပေးဆက်သမိုင်း
မရိုင်းရအောင် တို့စွမ်းဆောင်မှ
နောင်လာနောက်သား ပြည်သူများတွက်
တို့များတာဝန်ကျေလိမ့်မည်။