images
UN
UN
ဗီလိန်ဇာတ်ရုပ်ကို ပိုအားသန်တယ်ဆိုတဲ့ သရုပ်ဆောင် အလင်းရောင်
ဒဂုံဝေလင်း Sunday, 10 February 2019
လတ်တလောအနုပညာလှုပ် ရှားမှုအနေဖြင့် ဒါရိုက်တာဝိုင်းရဲ့ 'ပပဝတီစီရင်ခန်း'နဲ့ ဒါရိုက်တာ စတီးရဲ့'စာအုပ်ကြီးရဲ့စီရင်ခန်း' ရုပ်ရှင်ကားကြီးတွေမှာတွေ့ရမည် ဟုသိရပါတယ်။
''လတ်တလောမှာ ကျွန်တော် ဇာတ်ကားတွေ ရိုက်ဖြစ်တယ်။ကြော်ငြာတွေလည်း ရိုက်နေတဲ့ အပြင် ဗာလင်တိုင်းဒေးမှာ သီချင်း တစ်ပုဒ်ထွက်ဖို့ရှိတယ်။'ပပဝတီ စီရင်ခန်း'က ဇာတ်သိမ်းရိုက်ပြီး သွားပါပြီ။ နောက်ထပ် ဒါရိုက်တာ စတီးရဲ့'စာအုပ်ကြီးရဲ့စီရင်ခန်း' ရုပ်ရှင်ကားကြီးကို ရိုက်ကူးနေပါ တယ်။ ၂ဝ၁၉ အစကိုတော့ ဒါရိုက်တာကိုဝိုင်းကို စတီးတို့ရဲ့ ဇာတ်ကားတွေနဲ့ စတင်တာပေါ့ နော်။ဒီကားတွေမှာတော့ ကျွန်တော် က ဗီလိန်မဟုတ်ဘူး။ အခုနောက် ပိုင်းသရဲကားတွေအရိုက်များနေလို့ ပရိသတ်တချို့က သရဲကြောက် တယ်။ သရဲကားတွေအရမ်းမရိုက် ပါနဲ့လို့ပြောတာရှိတယ်။ တကယ် တမ်းကျတော့ ကျွန်တော်ကိုယ် တိုင်က ဗီလိန်လုပ်ရတာကိုပိုပြီး အားသာတယ်။ ဗီလိန်အိုက်တင် လုပ်ရတာက စိတ်ထဲမှာလည်းဖွင့် ပြီးလုပ်နိုင်သလို၊ လွတ်လွတ်လပ် လပ်နဲ့ပိုပြီးလုပ်လို့ရတယ်လို့လည်း မြင်တယ်။ ကျွန်တော်ကိုယ်တိုင် ကြိုက်တာပါ။ နောက်ပိုင်းတော့ ပရိသတ်တွေကြည့်ရတာရိုးမသွား အောင် အတတ်နိုင်ဆုံးစိစစ်ရွေး ချယ်ပြီး အနုပညာအလုပ်တွေကို ကြိုးစားလုပ်သွားမှာပါ''ဟု သရုပ် ဆောင်အလင်းရောင်က ပြောပါ တယ်။
ချစ်သူများနေ့အမှတ်တရအနေ နဲ့ ဘာလက်ဆောင်မှရထားတာ မရှိသလို ပေးစရာလည်းမရှိဘူး လို့ပြောပြီး ဖေဖော်ဝါရီ ၁၄ရက် မှာတော့ အင်္ဂလိပ်လိုဆိုထားတဲ့ သီချင်းကိုထွက်ဖို့ရှိတယ်လို့လည်း အလင်းရောင်ကပြောပါတယ်။
''ကျွန်တော်ကားရိုက်တွေနဲ့ မအားလို့ သီချင်းမလုပ်ဖြစ်တာ ကြာပြီ။ Oh My Crush ထွက်ပြီး ကတည်းက မလုပ်ဖြစ်တာပေါ့။အခုလည်းလုပ်ချင်နေတာနဲ့ လော လောဆယ်တော့ ဖေဖော်ဝါရီ ၁၄ ရက်မှာ ဆရာရွှေဂျော်ဂျော်ရေးပေး ထားတဲ့ သီချင်းလေးထွက်ဖြစ်မယ် ပေါ့နော်။ အင်္ဂလိပ်လိုဆိုမှာပါ။ အင်္ဂလိပ်သီချင်းကိုငါးပိသံနဲ့ဆိုထား တာပေါ့။ဒီလထဲမှာပဲ ဗာလင်တိုင်း အမီထွက်ဖို့စီစဉ်လိုက်တာပါ။ ချစ် သူများနေ့မှာ သီချင်းထွက်မှာဆို တော့တခြားဘာအစီအစဉ်မှမရှိပါ ဘူး။ အမှတ်တရအနေနဲ့လည်း ဘာ လက်ဆောင်မှရထားတာမရှိသလို ပေးစရာလည်းမရှိပါဘူး။ သူများ စုံတွဲတွေရှိနေကြတာတွေ့ရင်မနာလို ဖြစ်တာပေါ့ဗျာ။ ဒါပေမဲ့ ကျွန်တော့် ဖန်တွေရှိပါတယ်။ သူတို့ချစ်ပေး ကြလို့အားမငယ်ပါဘူး။ ကျွန်တော် ရိုက်ထားတဲ့ကားတွေ ဒီနှစ်ထဲမှာ ထွက်မယ်''ဟု ပြောပါတယ်။