မန္တလေးတွင် ဂျပန်ရုပ်ရှင်ပွဲတော် ၂ဝ၁၉ ပြုလုပ်
သူရကို
Sunday, 10 February 2019
ဂျပန်ရုပ်ရှင်ပွဲတော် ၂ဝ၁၉ ကို မန္တလေးမြို့ဝင်းလိုက်အဆင့်မြင့် ရုပ်ရှင်ရုံတွင် ဖေဖော်ဝါရီ ၈ ရက်မှ ဖေဖော်ဝါရီလ ၁ဝရက်နေ့အထိ ပြုလုပ်ခဲ့ကြောင်း သိရသည်။ ယခုကျင်းပပြုလုပ်သည့် ဂျပန်ရုပ် ရှင်ပွဲတော် ၂ဝ၁၉ကို မြန်မာနိုင်ငံဆိုင်ရာဂျပန်သံရုံးနှင့် ဂျပန်ဖောင် ဒေးရှင်း(ရန်ကုန်)တို့က ပူးပေါင်းပြီးပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။
ဂျပန်ရုပ်ရှင်ပွဲတော်ကို ၁၉၉၉ ခုနှစ်ကစတင်ပြုလုပ်ခဲ့ပြီး ယခုနှစ် တွင် ဂျပန်နိုင်ငံမှလူကြိုက်အများ ဆုံးရုပ်ရှင်ကားများပြသပေးခဲ့ ကြောင်းသိရသည်။ အဆိုပါ ဂျပန်ရုပ်ရှင်ပွဲတော်ပြု လုပ်ရခြင်းသည် ဂျပန်ရုပ်ရှင်ကားများကိုမြန်မာပြည်သူများခံစားနိုင်စေဖို့၊ ဂျပန်-မြန်မာ ပိုပြီးချစ်ခင် ရင်းနှီးလာစေဖို့၊ ဂျပန်နိုင်ငံ၏ ယဉ်ကျေးမှုဓလေ့ထုံး တမ်းအစဉ်အလာများကို သိရှိစေဖို့ရည်ရွယ်ပြီး ပြုလုပ်ရခြင်းဖြစ် ကြောင်း ဂျပန်ဖောင်ဒေးရှင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ဂျပန်ရုပ်ရှင်ပွဲတော် ၂ဝ၁၉ တွင် ဂျပန်လူနေမှုဘဝသရုပ်ဖော် ဒရာမာဇာတ်လမ်း၊ ဟာသကား၊ အန်နီမေးရှင်း ကာတွန်းကားစုစု ပေါင်းခြောက်ကားပြသသွားမည်ဖြစ်ပြီး ထူးခြားမှုအနေဖြင့် ဂျပန်နှင့် မြန်မာပူးပေါင်းရိုက်ကူးထားသည့် ရုပ်ရှင်ကားနှစ်ကားလည်း ပါဝင် ပြသခဲ့ကြောင်းသိရသည်။
ဂျပန်ရုပ်ရှင်ပွဲတော်ကိုလာ ရောက်ကြည့်ရှုဖို့အတွက်လက်မှတ် များကို ဝင်းလိုက်ရုပ်ရှင်ရုံ၌ပွဲချိန်မတိုင်မီတစ်နာရီအလိုမှ ဦးရာ လူစနစ်ဖြင့် အခမဲ့ထုတ်ပေးခဲ့ကြောင်း သိရသည်။