images
UN
UN
အိမ်ထောင်ရှင်အလှမယ်များအား သတင်းမီဒီယာများနှင့်မိတ်ဆက်ပွဲကျင်းပ
မိုဃ်းကျ(မြစ်ကြီးနား) Sunday, 10 February 2019
၂ဝ၁၉ ခုနှစ် အပြည်ပြည် ဆိုင်ရာ အိမ်ထောင်ရှင်အလှမယ် ရွေးချယ်ပွဲသို့တက်ရောက်နိုင်ရန် မြန်မာနိုင်ငံကိုယ်စားပြုအိမ်ထောင် ရှင်အလှမယ်ရွေးချယ်ပွဲသို့ ဆန်ခါ တင်တက်ရောက်လာသည့်အလှ မယ်များကို မြစ်ကြီးနားမြို့ပေါ်ရှိ သတင်းမီဒီယာများနှင့် တွေ့ဆုံမိတ် ဆက်ခြင်းအခမ်းအနားကို ဖေဖော် ဝါရီ ၈ရက် ညနေ ၅နာရီက မြစ်ကြီးနားမြို့ အောင်နန်းရိပ်သာ ရပ်ကွက်ရှိ စိန်ကိုလန်ဘန် ကက် သလစ်ဘုရားကျောင်း သုံးထပ် ဆောင်တွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ ပြိုင်ပွဲကျင်းပရေး ကော်မတီတွဲဖက်နေရှင်နယ်ဒါရိုက် တာဒေါ်နုနုဝင်းက အဖွင့်နှုတ် ခွန်းဆက်စကားပြောကြားပြီး တာ ဝန်ရှိသူများက မြို့နယ်အလိုက် ကိုယ်စားပြုအိမ်ထောင်ရှင်အလှ မယ် ၂၁ ဦးကို သက်ဆိုင်ရာ မြို့နယ်ကိုယ်စားပြုစလွယ်များကို ချီးမြှင့်ပေးအပ်ပြီး စင်မြင့်ထက်တွင် ကိုယ်ဟန်အလှပြသခြင်းကို သတ် မှတ်ထားသည့် ပုံစံများအလိုက် အိမ်ထောင်ရှင်အလှမယ်များက ကိုယ်ဟန်ပြသခဲ့ကြသည်။
ထို့နောက် အိမ်ထောင်ရှင် အလှမယ်များက ၄င်းတို့ကိုယ်စား ပြု မြို့နယ်များအလိုက် ပထဝီ အနေအထားနှင့် အထင်ကရနေရာ များအား အသီးသီးမိတ်ဆက်ပြီး တက်ရောက်လာသည့် သတင်း မီဒီယာများအား အမှတ်တရ လက်ဆောင်များပေးအပ်၍ မြို့နယ် ကိုယ်စားပြုတက်ရောက်လာသည့် တာဝန်ရှိသူများအား ဂုဏ်ပြုမှတ် တမ်းလွှာများပေးအပ်ကာ ၂ဝ၁၉ ခုနှစ် မြန်မာနိုင်ငံကိုယ်စားပြုအိမ် ထောင်ရှင် အလှမယ်ရွေးချယ်ပွဲသို့ မြန်မာနိုင်ငံအတွင်းရှိ တိုင်းဒေသ ကြီးနှင့်ပြည်နယ်အသီးသီးမှ မြို့ နယ် ၂၁မြို့နယ် ကိုယ်စားပြုအိမ် ထောင်ရှင်အလှမယ် ၂၁ ဦးတက် ရောက်ခဲ့ပြီး မြန်မာနိုင်ငံကိုယ်စား ပြု အိမ်ထောင်ရှင်အလှမယ်ရွေး ချယ်ပွဲကြီးကို ဖေဖော် ဝါရီ ၁၅ ရက်တွင် မြစ်ကြီးနားမြို့ စီတာပူ ရပ်ကွက်မနောကွင်းအတွင်း စည် ကားသိုက်မြိုက်စွာကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။