images
UN
UN
ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းမှ (PCP)သင်တန်းတက်ရောက်မည့် မြန်မာကျောင်းသားသုံးဦးအတွက် ပညာသင်ဆုကြေးများထောက်ပံ့
ကြယ်လေး Sunday, 10 February 2019
ကမ္ဘောဇကုမ္ပဏီများအုပ်စု (ကမ္ဘောဇအုပ်စု)၏လူမှုရေးလုပ်ငန်း အဖွဲ့အစည်းတစ်ခုဖြစ်သည့်ကမ္ဘောဇ အနာဂတ်အလင်းတန်းမြန်မာဖောင် ဒေးရှင်း(BFM) Pre-Collegiate Program (PCP)သင်တန်းတက် ရောက်မည့်မြန်မာကျောင်းသားသုံး ဦးအတွက် ပညာသင်ဆုကြေးများ ရွေးချယ်ထောက်ပံ့ပေးအပ်ခဲ့သည်။
The Pre-Collegiate Program of Yangon မှ ဖွင့်လှစ်သင် ကြားလျက်ရှိသည့် ၁၆ လကြာ PCP သင်တန်းသည် အခြေခံ ပညာအထက်တန်း အောင်မြင်ပြီး ကျောင်းသားများအတွက် နိုင်ငံတ ကာကျောင်းများတွင် တက်ရောက် နိုင်မည့်ပညာသင်ဆုများရရှိနိုင်ရန်၊ ပညာဆက်လက်သင်ကြားလေ့လာ ရာတွင် ပိုမိုတိုးတက်မှုရှိစေရန်နှင့် မိမိမွေးရပ်မြေ မြန်မာနိုင်ငံသို့ ပြန် လည်ရောက်ရှိလာပြီး အသက်မွေး ဝမ်းကျောင်းလုပ်ငန်းများစတင်ကာ နယ်ပယ်ကဏ္ဍအသီးသီးတွင် ဦး ဆောင်လုပ်ကိုင်နိုင်ရန် လေ့ကျင့် သင်ကြားပေးလျက်ရှိသည်။
ယခုကဲ့သို့ PCP သင်တန်းသား သုံးဦးအတွက်ရာနှုန်းပြည့်သင်တန်း ကြေးထောက်ပံ့မှုအဖြစ် စုစုပေါင်း အမေရိကန်ဒေါ်လာ ၃၁၈ဝဝ ကို ထောက်ပံ့ပေးအပ်ခဲ့ခြင်းမှာကမ္ဘောဇ အနာဂတ်အလင်းတန်းမြန်မာဖောင် ဒေးရှင်း၏ ဒုတိယနှစ်မြောက်ပံ့ပိုး ကူညီမှုဖြစ်သည်။
ကမ္ဘောဇအနာဂတ်အလင်းတန်း မြန်မာဖောင်ဒေးရှင်းမှ ပညာသင် ဆုကြေးထောက်ပံ့ပေးအပ်ခဲ့သည့် သင်တန်းသား သုံးဦးကို ၄င်းတို့၏ ငွေကြေးလိုအပ်ချက်၊ ပညာရေး အာမခံချက်၊လူမှုအကျိုးပြုလုပ်ငန်း လုပ်ကိုင်ရန် ကတိကဝတ်နှင့် အဆင့်မြင့်ပညာရေး အောင်မြင်ပြီး နောက် မြန်မာနိုင်ငံအတွက် ပြန် လည်အကျိုးပြုလိုသည့် စိတ်ဆန္ဒ စသည်တို့အပေါ်မူတည်၍ရွေးချယ် ခဲ့ခြင်းဖြစ်သည်။ အဆိုပါသင်တန်း သားများသည် ယခုလတွင် သင် ကြားပို့ချမည့် PCP သင်တန်းမှ သင်ရိုးအစီအစဉ်များ အားလုံးကို ၁၇ ကြိမ်မြောက် တန်းခွဲအုပ်စု အဖြစ်တက်ရောက်ကြမည်ဖြစ်ပြီး လာမည့်၂ဝ၂ဝပြည့်နှစ်တွင် အလုပ် သင်ကာလတစ်ခုဖြင့် ဆက်လက် သင်ကြားလေ့လာရမည်ဖြစ်သည်။