images
UN
UN
တိုက်ကြီးတွင် တရားမဝင်တင်ဆောင်လာသော သစ်ကားတစ်စီးဖမ်းဆီးရမိ
ထွန်းလှိုင်(မြိုင်) Sunday, 10 February 2019
ရန်ကုန်တိုင်းဒေသကြီး တိုက် ကြီးမြို့နယ်တွင် CMRS သတင်း အရ ယမန်နေ့ညနေ ၄ နာရီ မိနစ် ၂ဝ တွင် ပြည်လမ်းဘေး zth ဆီ ဆိုင်အနီးမှ တရားမဝင်သစ်ကား တစ်စီးဖမ်းဆီးရမိကြောင်း သစ် တောဦးစီးဌာနမှ သိရသည်။
တိုက်ကြီးမြို့နယ် သစ်တော ဦးစီးအရာရှိ ဦးအောင်အောင်စိုးနှင့် သစ်တောဝန်ထမ်းများသည် zth တစ်ဝိုက် သစ်ကားများခိုအောင်းနေ ခြင်း ရှိမရှိစစ်ဆေးရာ သာယာဝတီ မြို့ဘက်မှမောင်းနှင်လာသော မိုး ကာ အနက်အုပ်ခြောက်ဘီးယာဉ် အားတွေ့ရှိသဖြင့် နောက်ယောင်ခံ လိုက်ရာ zth ဆိုင်အနီး ပြည်လမ်း ဘေးတွင်ကားရပ်ပြီး ယာဉ်မောင်း နှင့် ယာဉ်အကူတို့မှာ ကားအောက် သို့ဆင်းလာကြောင်းတွေ့ရ၍ သစ် တောဝန်ထမ်းများက တားဆီးစဉ် ထွက်ပြေးသွားသဖြင့် ယာဉ်အား တိုက်ကြီး သစ်တောဦးစီးရုံးသို့ မောင်းနှင်စေပြီး သက်သေများ နှင့်အတူ ဖွင့်ဖောက်စစ်ဆေးရာ ကျွန်းယောင်ခြမ်း ခြောက်တန်ခန့် စစ်ဆေးတွေ့ရှိရပြီး အဆိုပါ နီဆန်း ဒီဇယ် အပြာရင့်ရောင်ခြောက်ဘီး ယာဉ် YGN/------- အား ဥပဒေ နှင့်အညီ အရေးယူသွားမည်ဖြစ် ကြောင်း သိရသည်။