images
UN
UN
ဟိုပင်တွင် မူးယစ်ဆေးဝါးရောင်းချသူနှင့်သုံးစွဲသူများကို ဖမ်းဆီးရမိ
ဆိုင်ကလုန်း Sunday, 10 February 2019
ကချင်ပြည်နယ် မိုးညှင်းခရိုင် ဟိုပင်မြို့ အင်းလေးကျေးရွာအုပ်စု တောင်ဦးလွင်ကျေးရွာ(ဟိုပင် ရဲစခန်းပိုင်နယ်မြေတွင်)သတင်း အရရှာဖွေရာမှ မူးယစ်ဆေးဝါး များနှင့်သုံးစွဲနေသူများအားဖမ်းဆီး ရမိခဲ့ကြောင်းသိရသည်။
ဖြစ်စဉ်မှာ ယခုလ ၇ ရက် ည ၁၂နာရီတွင် ရဲအုပ် ဗျက်ဆန်း စခန်းမှူးတာဝန်ဆောင် ရွက်နေစဉ် နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် ဆုဝေနှင့်အဖွဲ့တို့သည် သက်သေ များနှင့်အတူ မူးယစ်ဆေးဝါး ရှာဖွေခွင့်ဝရမ်းဖြင့် တောင်ဦးလွင် ကျေးရွာနေ ကျော်ထူး၏နေအိမ် အား ဝင်ရောက်ရှာဖွေရာ ၄င်းလွယ် ထားသည့်ခါးပတ်အိတ်အတွင်းမှ Love is flower စာတန်းပါ အနီ ရောင်ဆပ်ပြာခွက်အတွင်းမှအကြည် ရောင်အိတ်အတွင်းထည့်ထားသည့် ဘိန်းဖြူဟုယူဆရသည့်ဖြူဝါ ရောင်အမှုန့် ၁ဝဂရမ်ခန့်ပါတစ်ဘူး၊ 88/1 စာတန်းပါပန်းရောင်ဆေး ပြား ၁၉၅ ပြား၊ အပြာရောင် ကပ် ခွာအိတ်သုံးအိတ်အတွင်းမှ 88/1 စာတန်းပါဆေးပြား ၅၈၅ ပြားနှင့် ဇော်ယော်ဝတ်ဆင်ထားသည့်အနွေး ထည်အိတ်ကပ်အတွင်းမှ ဘိန်းဖြူ ဟုယူဆရသည့် သုည ဒသမ ၁ ဂရမ်ခန့်ပါတစ်ဘူး၊ အိမ်ရှေ့ကြမ်း ပြင်ပေါ်မှ အနက်ရောင်ကြွပ်ကြွပ် အိတ်အတွင်းအဝါရောင်အဖုံးပိတ် ပါအဖြူရောင်ကော်ဘူးအတွင်းမှ ဖြူဝါရောင်အမှုန့် သုည ဒသမ ၃ ဂရမ်ခန့်စီပါသုံးဘူးတို့အား ရှာဖွေ တွေ့ရှိရပြီး အဆိုပါနေအိမ်အတွင်း သို့ရောက်ရှိနေသော ဇော်ယော်၊ ဇေမျိုးသူ၊ လဒွဲ၊သိန်းအောင်နှင့် အောင်စိုးခန့်တို့အား သက်သေ များရှေ့တွင် ရှာဖွေပုံစံရေးသွင်း သိမ်းဆည်း၍ အရေးယူနိုင်ခဲ့ သည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ဇော်ထူး(၅၄နှစ်) တောင်ဦးလွင် ကျေးရွာ၊ ဇော်ယော်(၂၉နှစ်) တောင်ဦးလွင်ကျေးရွာ၊သိန်းအောင် (၅ဝနှစ်)နန်းမားကျေးရွာ၊ လှဒွဲ (၄၈နှစ်) တောင်ဦးလွင်ကျေးရွာ၊ အောင်စိုးခန့်(၄၂နှစ်)တောင် ဦးလွင်ကျေးရွာ၊ဇေမျိုးသူရ(၂၆နှစ်) မြို့သစ်ကလေးကျေးရွာနေသူတို့ အားဟိုပင်နယ်မြေရဲစခန်းမှမယ(ပ) ၈/၁၉၊မူး/စိတ်ပုဒ်မ၁၉(က)/၂၁ အရအမှုဖွင့်အရေးယူဆောင်ရွက် ထားကြောင်း သိရသည်။