images
UN
UN
လိုင်စင်မဲ့ယာဉ်ဖြင့်သယ်ဆောင်လာသည့် တရားမဝင်သစ်များ ဖမ်းဆီးရမိ
ကျော်ကျော်(မလှိုင်) Sunday, 10 February 2019
မန္တလေးတိုင်း ဒေသကြီး ပြည်ကြီးတံခွန်မြို့နယ် သင်ပန်း ကုန်းရဲကင်းရဲစခန်းမှတပ်ဖွဲ့ဝင်များ၊ မဟာအောင်မြေမြို့နယ် သစ်တော ဦးစီးဌာနမှဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့သည် တရားမဝင် သစ်များသယ်ဆောင်လာကြောင်း သတင်းအရ ယခုလ ၈ ရက် ည ၆နာရီမိနစ်၂ဝတွင် သက်သေများ နှင့်အတူ ၅၈ လမ်းနှင့် ပျူစောထီး လမ်းထောင့်၌ စောင့်ဆိုင်းနေစဉ် အောင်မြေသာစံမြို့နယ်နေ အောင် မြင့်သိန်း(၄၁နှစ်)မောင်းနှင်လာသော 2E/---- Mark II အဖြူရောင်ယာဉ် အား ရပ်တန့်စစ်ဆေးရာရပ်တန့် ခြင်းမရှိဘဲ (ဃ)ရပ်ကွက်နေ ပြည့် ဖြိုးအောင်(၃၄)နှစ်၏ နေအိမ်ထဲသို့ မောင်းနှင် ဝင်ရောက်သွားသဖြင့် လိုက်လံဖမ်းဆီးရှာဖွေရာ ယာဉ် ပေါ်မှတရားမဝင်ကျွန်းခွဲသားဆိုဒ်စုံ ၂၁ချောင်း သုညဒသမ ၄၁၆၂ တန်ကို တွေ့ရှိသိမ်းဆည်းရမိခဲ့ပြီး ပြည့်ဖြိုးအောင်၏ ခြံဝင်းအတွင်းမှ ပိတောက်ခွဲသားဆိုဒ်စုံ ၂၈တုံး သုညဒသမ ၄၂ဝဝတန်အား ထပ်မံ တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့်အဆိုပါ ယာဉ်နှင့်ပတ်သက်၍ မေးမြန်းရာ လိုင်စင်မဲ့ယာဉ်ဖြစ်ကြောင်း သိရှိ ရသောကြောင့် ပြည်ကြီးတံခွန် မြို့မရဲစခန်း၌ ဥပဒေနှင့်အညီ အမှု ဖွင့်အရေးယူဆောင်ရွက်လျက်ရှိ ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။