images
UN
UN
ဆန္ဒပြမှုများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် ပြင်သစ်စီးပွားရေးကဏ္ဍတွင် ထိခိုက်မှုများဖြစ်ပေါ်
Sunday, 10 February 2019

ပဲရစ်အပါအဝင်မြို့ကြီးများတွင် ဆန္ဒပြမှုများဆက်လက်ဖြစ်ပွားနေခြင်းကြောင့် ပြင် သစ်စီးပွားရေးကဏ္ဍတွင် ထိခိုက်မှုများဖြစ်ပေါ်လာကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြသည်။ ရက်သတ္တပတ် ၁၃ ပတ်ကြာမြင့်လာပြီဖြစ်သော ဆန္ဒပြမှုများသည် ပြင်သစ် အစိုးရက စက်သုံးဆီများအပေါ် ကောက်ခံသည့်အခွန်နှုန်းထားများကို တိုးမြှင့်လိုက်ခြင်း ကြောင့် ပေါ်ထွက်လာခဲ့ခြင်းဖြစ်သည်။ ပြင်သစ်အစိုးရဘက်မှ စက်သုံးဆီများအပေါ် အခွန်တိုးမြှင့်ကောက်ခံမည့်အစီအစဉ်အား ရပ်ဆိုင်းပေးခဲ့သော်လည်း ဆန္ဒပြမှုများဆက် လက်ဖြစ်ပွားနေခဲ့ခြင်းဖြစ်သည်။ ဆန္ဒပြမှုများကြောင့် ခရီးသွားလုပ်ငန်းကဏ္ဍအပါအဝင် ပြင်သစ်စီးပွားရေးကဏ္ဍအတွက် အရေးကြီးသည့်ကဏ္ဍများ၌ ထိခိုက်မှုများကြုံတွေ့ လာခြင်းဖြစ်သည်။ ပြင်သစ်အစိုးရသည် ဆန္ဒပြမှုများအား ထိန်းချုပ်ကိုင်တွယ်နိုင်ရန် အတွက် ဆန္ဒဖော်ထုတ်ခြင်းနှင့်ဆိုင်သည့် ဥပဒေကို တင်းကျပ်သည့်အချက်များထည့် သွင်းကာပြင်ဆင်ရန်စီစဉ်လျက်ရှိသည်။ NG(Ref; Reuters)