images
UN
UN
ဗင်နီဇွဲလားအစိုးရနှင့်အတိုက်အခံများကြားတွင် ထိပ်တိုက်တွေ့မှုပိုမိုကြီးမားလာ
Sunday, 10 February 2019
ဗင်နီဇွဲလားအစိုးရနှင့် အတိုက်အခံများကြားတွင် ထိပ်တိုက်တွေ့မှု ပိုမိုကြီးမားလာခြင်းကြောင့် လက်ရှိကြုံတွေ့လျက်ရှိသော အကျပ်အတည်း များအဆုံးသတ်နိုင်ရန် ခက်ခဲနေမည်ဖြစ်ကြောင်း အေပီသတင်းဌာနက ဖော်ပြသည်။
ဗင်နီဇွဲလားအစိုးရက နယ်စပ်ဂိတ်များကို ပိတ်ပစ်ခဲ့ခြင်းကြောင့် နိုင်ငံ တကာအဖွဲ့အစည်းများနှင့် အလှူ့ရှင်များမှပေးပို့လှူဒါန်းသော ပစ္စည်း များကို ဗင်နီဇွဲလားနိုင်ငံအတွင်းသို့ သယ်ဆောင်နိုင်ခြင်းမရှိသည့်အခြေ အနေများပေါ်ထွက်လာပြီးနောက်တွင် ဗင်နီဇွဲလားအစိုးရနှင့် အတိုက်အခံ များကြားတွင် ထိပ်တိုက်တွေ့မှုများပိုမိုကြီးမားလာခဲ့ခြင်းဖြစ်သည်။ ဗင်နီ ဇွဲလားလွှတ်တော်ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ကာ လက်ရှိအချိန်၌ အမေရိကန် နှင့် အနောက်နိုင်ငံများက ဗင်နီဇွဲလားကြားဖြတ်သမ္မတတစ်ဦးအဖြစ် အသိ အမှတ်ပြုထားသော ဂွာအီဒိုက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ထောက်ပံ့ပစ္စည်းများကို နိုင်ငံအတွင်းသို့ သယ်ဆောင်ခွင့်ပေးရန် ဗင်နီ ဇွဲလားအစိုးရအား တောင်းဆိုခဲ့သည်။ ဗင်နီဇွဲလားသမ္မတ မာဒူရိုက နိုင်ငံ၏ပြည်တွင်းရေးကိုဝင်ရောက်စွက်ဖက်ရာရောက်သည့် အခြေအနေ များမြင်တွေ့လာရခြင်းကြောင့် အိမ်နီးချင်းနိုင်ငံများနှင့်ထိစပ်နေသည့် နယ်စပ်ဂိတ်များကို ပိတ်ပစ်ခဲ့ခြင်းဖြစ်ကြောင်းပြောသည်။
NG(Ref; AP)