images
UN
UN
အမေရိကန်၏စစ်ရေးအရဝင်ရောက်စွက်ဖက်ခဲ့မှုကြောင့် အာဖဂန်နစ္စတန်၏အနာဂတ်ကျိုးပဲ့ခဲ့ဟုဝေဖန်
Sunday, 10 February 2019
အာဖဂန်နစ္စတန်နိုင်ငံသမ္မတဟောင်း ဟာမစ်ကာဇိုင်းက အမေရိကန်၏စစ်ရေးအရ ဝင်ရောက်စွက်ဖက်ခဲ့မှုကြောင့် အာဖဂန်နစ္စတန် ၏အနာဂတ်ကျိုးပဲ့ပျက်စီးခဲ့ရသည်ဟု ဝေဖန် ခဲ့ကြောင်း ရုရှားတိုင်းမ်သတင်းဌာနကဖော်ပြ သည်။
ဟာမစ်ကာဇိုင်းသည် ရုရှားနိုင်ငံက ကမ ကထပြုလုပ်ကာ ကျင်းပပေးနေသောအာဖဂန် နစ္စတန်ငြိမ်းချမ်းရေးဆွေးနွေးပွဲများသို့ တက် ရောက်နေစဉ်အတွင်း အမေရိကန်နိုင်ငံ၏ စစ် ရေးအရဝင်ရောက်စွက်ဖက်ခဲ့မှုနှင့် ချမှတ်ဖော် ဆောင်ခဲ့သည့်မူဝါဒများကြောင့် အာဖဂန်နစ္စ တန်နိုင်ငံသည် ဆိုးရွားသည့်ဖြစ်စဉ်များနှင့် ကြုံတွေ့ခဲ့ရခြင်းဖြစ်ကြောင်းဝေဖန်ခဲ့ခြင်းဖြစ် သည်။ ဟာမစ်ကာဇိုင်းက ''ကျွန်တော်တို့ အနေနဲ့ ၁၇ နှစ်ကြာမြင့်လာပြီဖြစ်တဲ့ အာဖဂန် နစ္စတန်ရဲ့ ပဋိပက္ခတွေအဆုံးသတ်ဖို့အတွက် အသင့်လျော်ဆုံးနည်းလမ်းတွေနဲ့ ကူညီနေတဲ့ ရုရှားနိုင်ငံကို ကျေးဇူးတင်ကြောင်းပြောရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ရုရှားရဲ့ကူညီမှုတွေဟာ အာဖဂန်နစ္စတန်အမှန်တကယ်လိုအပ်နေတဲ့ အရာတွေပိုင်ဆိုင်အောင် အထောက်အကူဖြစ် စေပါလိမ့်မယ်''ဟုပြောသည်။ ရုရှားအစိုးရ သည် အာဖဂန်နစ္စတန်တွင်ငြိမ်းချမ်းရေးတည် ဆောက်နိုင်ရန်အတွက် တာလီဘန်အဖွဲ့မှကိုယ် စားလှယ်များနှင့် အာဖဂန်နစ္စတန်အစိုးရကို ကိုယ်စားပြုသည့် ကိုယ်စားလှယ်များပါဝင် သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကျင်းပပေး လျက်ရှိသည်။ NG(Ref; RT)