images
UN
UN
ချန်ပီယံလိဂ်ပွဲမတိုင်မီ ပီအက်စ်ဂျီတွင် ဒဏ်ရာပြဿနာများပြား
Sunday, 10 February 2019
ပီအက်စ်ဂျီအသင်းသည် မန်ယူနှင့်ကစားမည့်ချန်ပီယံလိဂ်ပွဲစဉ်မတိုင် မီ ဒဏ်ရာပြဿနာများပြားမှုနှင့်ကြုံတွေ့နေရသည်။ ပြီးခဲ့သော စနေနေ့ က ဘော်ဒိုးနှင့်ကစားခဲ့သော ပြင်သစ်လီဂူးပွဲစဉ်တွင် တိုက်စစ်မှူးကာဗာ နီဒဏ်ရာပြဿနာနှင့်ကြုံတွေ့ခဲ့ရသည်။ ကာဗာနီသည် ခြေကျင်းဝတ် ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပြီး အနားယူရမည့်အချိန်ကာလကို မသိနိုင်ဟု နည်းပြတူချယ်က ပြောကြားခဲ့သည်။ ကာဗာနီသည် ပီအက်စ်ဂျီအတွက် ၁၉၂ ဂိုးသွင်းယူပေးထားပြီး သမိုင်းတစ်လျှောက် ဂိုးသွင်းဘုရင်ဖြစ်သည်။ နေမာမပါဝင်နိုင်၍ အခက်ကြုံနေသော ပီအက်စ်ဂျီသည် ကာဗာနီထပ်မံ ဒဏ်ရာရခဲ့၍ နည်းပြတူချယ်က ညည်းတွားခဲ့သည်။ Ref ;AP