images
UN
UN
ဘွန်ဒက်စ်လီဂါပြိုင်ပွဲတွင် ဆန်ချို သမိုင်းမှတ်တမ်းသစ်ရေးထိုး
Sunday, 10 February 2019
ဒေါ့မွန်လူငယ်တိုက်စစ်မှူး ဆန်ချိုသည် ဘွန်ဒက်စ်လီဂါတွင် သမိုင်း သစ်ရေးထိုးနိုင်ခဲ့ကြောင်း သိရသည်။ အသက် ၁၈ နှစ်သာရှိသေးသော အင်္ဂလန်လက်ရွေးစင် လူငယ်ကစားသမားသည် ဒေါ့မွန်အတွက် ရှစ်ဂိုး အထိ သွင်းယူပေးနိုင်ခဲ့ပြီဖြစ်သည်။ ထို့ကြောင့် ၄င်းသည် ဘွန်ဒက်စ် လီဂါပြိုင်ပွဲသမိုင်း၌ ဂိုးရှစ်ဂိုးကို အသက်အငယ်ဆုံးသွင်းယူနိုင်သူအဖြစ် မှတ်တမ်းသစ်ရေးထိုးနိုင်ခဲ့ခြင်းလည်းဖြစ်သည်။ ဆန်ချိုသည် ၁၈ နှစ်နှင့် ၃၂၁ ရက်တွင် ဘွန်ဒက်စ်လီဂါဂိုးရှစ်ဂိုး သွင်းယူနိုင်ခဲ့ခြင်းလည်းဖြစ် သည်။ ၄င်းသည် ဟော့ဖန်ဟိမ်းနှင့်ပွဲတွင် ဒေါ့မွန်အတွက် အဖွင့်ဂိုး သွင်းယူပေးနိုင်ခဲ့သူဖြစ်သည်။ Ref ;Optasports