images
UN
UN
ဆိုးလ်ရှားသည် သရုပ်ဆောင်နေသူတစ်ဦးမဟုတ်ကြောင်း ပေါ့ဂ်ဘာပြော
Sunday, 10 February 2019
မန်ယူကွင်းလယ်လူပေါ့ဂ်ဘာ က နည်းပြဆိုးလ်ရှားသည် သရုပ် ဆောင်နေသူတစ်ဦးမဟုတ်ကြောင်း ပြောကြားလိုက်သည်။ ဖူလ်ဟမ် နှင့်ကစားခဲ့သောပွဲတွင် ဂေါ့ဂ်ဘာ သည်မန်ယူအတွက် နှစ်ဂိုးသွင်းယူ ပေးခဲ့ပြီး အဆိုပါပွဲသည် နည်းပြ ဆိုးလ်ရှားအတွက်လည်း စုစုပေါင်း ၁၁ ပွဲတွင် ၁ဝ ပွဲအနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။
ပေါ့ဂ်ဘာသည် မော်ရင်ဟို လက်ထက်တွင် နည်းပြနှင့်အဆင် မပြေမှုများဖြစ်ခဲ့သူဖြစ်သည်။ထို့ပြင် မော်ရင်ဟိုလက်ထက်တွင် မီဒီယာ များအာရုံစိုက်မှုခံရစေရန် ပြုလုပ် နေသူဟုလည်း စွပ်စွဲခြင်းခံခဲ့ရ သည်။ ယခုအခါတွင် ပေါ့ဂ်ဘာက နည်းပြဟောင်းအား ပြန်လည်၍ စောင်းချိတ်ပြောကြားခဲ့ခြင်းလည်း ဖြစ်သည်။ ''ဆိုးလ်ရှားက လူတိုင်း ကို ပျော်ရွှင်အောင် လုပ်နေတဲ့သူ ပါ။ သူက သရုပ်ဆောင်နေတာ မဟုတ်ပါဘူး'' ဟု ပေါ့ဂ်ဘာက ပြောကြားခဲ့သည်။ ဖူလ်ဟမ်နှင့် ပွဲတွင် နှစ်ဂိုးသွင်းယူနိုင်ခဲ့ခြင်း ကြောင့် ပေါ့ဂ်ဘာ၏ ယခုရာသီ ပရီးမီးယားလိဂ်သွင်းဂိုးအရေအတွက် မှာ ၁ဝ ဂိုးအထိ ရှိသွားခဲ့ပြီဖြစ် သည်။ အဆိုပါ မှတ်တမ်းသည် ၄င်း၏ ကစားသမားဘဝတစ် လျှောက် ပရီးမီးယားလိဂ်ပြိုင်ပွဲ၌ ဂိုးအများဆုံးသွင်းယူနိုင်ခြင်းလည်း ဖြစ်ခဲ့သည်။ Ref ;Dailymail