images
UN
UN
တိုက်စစ်မှူးဆာလာကိုလှောင်ပြောင်ခဲ့ကြသော ပရိသတ်နှစ်ဦး ရာသက်ပန်ပွဲပယ်ခံရဖွယ်ရှိနေ
Sunday, 10 February 2019

ဆောက်သမ်တန်ပရိသတ်နှစ်ဦးသည် လေယာဉ်ပျက်ကျကာ ကွယ် လွန်သွားခဲ့သော ကာဒစ်ဖ်တိုက်စစ်မှူးဆာလာကို လှောင်ပြောင်မှုပုံစံ များပြုလုပ်ခဲ့၍ ရာသက်ပန်ပွဲပယ်ပြစ်ဒဏ်ချမှတ်ခံရဖွယ်ရှိသည်။ ကာဒစ် က ဆောက်သမ်တန်ကွင်းတွင် ၁-၂ ဂိုးဖြင့် အနိုင်ရခဲ့သောပွဲတွင် ဆောက်သမ်တန်ပရိသတ်နှစ်ဦးသည် လေယာဉ်ပုံသဏ္ဌာန်ကို လက် ဖြင့်ပြုလုပ်ကာ လှောင်ပြောင်ခဲ့သည့်ရုပ်ပုံများ ပေါ်ထွက်ခဲ့၍ အသင်း က စုံစမ်းစစ်ဆေးမှုပြုလုပ်ခဲ့သည်။ ထို့ပြင် ၄င်းတို့ကို ဖမ်းဆီးရန် ရဲအဖွဲ့ကိုလည်း ရုပ်ပုံမှတ်တမ်းများပေးခဲ့သည်။ Ref ;Reuters