images
UN
UN
ကမ္ဘာ့ပြည်ထောင်စုများတွင် မြန်မာ့ပြည်ထောင်စုသည် ပြည်ထောင်စုကောင်းအဆန်ဆုံး ဗိုလ်ချုပ်နှင့်တိုင်းရင်းသားစုံတို့တည်ခဲ့သော မြန်မာပြည်ထောင်စုကြီးကို ပခုံးထမ်းတင်ကြပါစို့
တက္ကသိုလ်မြတ်သူ Sunday, 10 February 2019
(ယမန်နေ့မှအဆက်)
စက်မှုအရင်းရှင်နိုင်ငံဖြစ်လာပြီးလျှင် စက်ရုံသုံးစွမ်းအင်လောင်စာ၊ စက်မှုကုန် ကြမ်းမျိုးစုံ၊ လုပ်အားခမဖြစ် စလောက် ပေးခိုင်းကာ ဖြတ်လမ်းမှအလျင်အမြန် ချမ်း သြာ<ွကယ်ဝလာနိုင်သည့်နယ်ချဲ့သမားအဖြစ် ပြောင်းလဲလုပ်ဆောင်လာကြသည်။ အမှန် တကယ်လည်း သူတစ်ပါး၏ ဓနဥစ္စာ ပစ္စည်းရတနာတို့ဖြင့် ချမ်းသာလာကြပေ သည်။ လူချမ်းသာနိုင်ငံ စက်မှုလုပ်ငန်း ထွန်းကား၍ လက်နက်-စစ်အင်အားမြင့်မား ပြည့်စုံသော အင်အားကြီးနိုင်ငံများဟူ၍ ဖြစ်လာကြသည်။ သို့သော် ထိုအရင်းရှင် နယ်ချဲ့နိုင်ငံများသည် ပင်လယ်ဓားပြများ အဖြစ်သာ ကင်ပွန်းတပ်ခံကြရသည်။ ပင် လယ်ကူးရွက်သင်္ဘော၊ တက်သင်္ဘော၊ စက် သင်္ဘောများဖြင့် ကမ္ဘာတစ်ခွင် ပတ်ကာ နိုင်ငံများကို ကျူးကျော်သိမ်းပိုက်၊ ဓနဥစ္စာ များလက်ကုန်နှိုက် လုယက်ယူငင်ကြသဖြင့် ထိုနယ်ချဲ့များကို ပင်လယ်ဓားပြများ (ဏငမအေန) များဟုသာ ခေါ်တွင်ခဲ့လေသည်။
စက်မှုထွန်းကားရာ၌ နောက်ကျသဖြင့် နယ်ချဲ့ရန် လက်ကျန်နိုင်ငံမရှိတော့၍ နယ်ချဲ့ အချင်းချင်းတို့ထံမှ ကျွန်နိုင်ငံဝေစုကို လုယက်တိုက်ခိုက်လာသူများသည် ကြမ်း ကြမ်းရမ်းရမ်း၊ ရက်ရက်စက်စက်၊ ကြမ်း ကြမ်းကြုတ်ကြုတ် လူမဆန်စွာ တိုက်ခိုက် နယ်ချဲ့သောကြောင့် ဖက်ဆစ်နယ်ချဲ့များဟု ခေါ်ကြပေသည်။ ပထမကမ္ဘာစစ်၊ ဒုတိယ ကမ္ဘာစစ်တို့သည် နယ်ချဲ့ချင်းကိုလိုနီ ဝေစု ရပြီးသူများနှင့် ဝေစုမရသူတို့ ကိုလိုနီခွက် စောင်းခုတ်ပွဲများဟု လူတို့က သိမှတ်ကြ လေသည်။ အရင်းရှင်စက်မှုငွေသပြာဥစ္စာ ပစ္စည်းလောဘရှင်တို့က နယ်ချဲ့ဖြစ်လာ သကဲ့သို့ မိမိတို့ ကိုင်စွဲထားသည့် ဆိုရှယ် လစ်(ကွန်မြူနစ်) နိုင်ငံကြီးများကလည်း မိမိတို့နိုင်ငံ၊ မိမိတို့ဝါဒခိုင်မြဲတိုးပွားလာစေ ရန် ဝါဒချဲ့လာကြပေသည်။
ဆိုဗီယက် ပြည်ထောင်စုသည် လက် နက်ပစ္စည်းများနှင့် ပတ်သက်၍လည်း ကောင်း၊ နည်းပညာ အတတ်ပညာများနှင့် ပတ်သက်၍လည်းကောင်း၊ နိုင်ငံရေးအယူ ဝါဒ၊ စစ်ရေးအင်အားနှင့် ပတ်သက်၍ လည်းကောင်း နယ်ချဲ့နိုင်ငံများနှင့် ပခုံးချင်း ယှဉ်နိုင်လာခဲ့သည်။ ဒုတိယကမ္ဘာစစ်တွင် ဂျာမန်၊ အီတလီ၊ ဂျပန်ဖက်ဆစ်သုံးနိုင်ငံ တို့၏ ဖက်ဆစ်စစ်ဘီလူးများ လက်ချက် ဖြင့် ဥရောပနယ်ချဲ့နိုင်ငံများစွာ ဂျာမန်၊ အီတလီတို့လက်ကျရောက်ကာ စစ်ဒဏ် ကြောင့် ပျက်စီးဆုံးရှုံးမှုများကြောင့် အထည် ကြီးပျက်ဘဝရောက်ရသည့်နယ်ချဲ့နိုင်ငံကြီး များကို စစ်အတွင်း ဗုံးတစ်လုံး၊ အမြောက် တစ်ဆန်မကျဘဲ စက်ရုံများ ဆက်တိုက် လည်ပတ်နိုင်ခဲ့သည့် အမေရိကန်သည် ခေတ်ပျက် သူဌေးဖြစ်လာသည်။ နယ်ချဲ့ အထည်ကြီးပျက်နိုင်ငံတို့၏ အထက်ရောက် လာသည်။ ဤသို့ဖြင့် နယ်ချဲ့နိုင်ငံများ အုပ်စုကို အမေရိကန်ပြည်ထောင်စုက ဦးဆောင်လာနိုင်သည်။ ဒုတိယကမ္ဘာစစ် အပြီး အမေရိကန်၏ကူညီမစစောင့်ရှောက်မှု ခံယူကာ ဥရောပ အရင်းရှင်နယ်ချဲ့ အုပ်စုက မားမားရပ်လာပြန်သည်။ ဆိုဗီယက်ရုရှ၏ ကျေးဇူးတရားများ၊ ဦးဆောင်မှုများဖြင့် ဆိုရှယ်လစ် (ကွန်မြူနစ်)နိုင်ငံများကတိုး ပွား၊ စုစည်းမိလာ၏။
ဒုတိယကမ္ဘာစစ်အတွက် ဖက်ဆစ်ဝါဒီ ဂျာမနီ၊ အီတလီ၊ ဂျပန်တို့ကို တိုက်ရန် အနောက်အရင်းရှင် နယ်ချဲ့နိုင်ငံများနှင့် အရှေ့ဆိုရှယ်လစ် ကွန်မြူနစ်နိုင်ငံကလည်း နာဇီဖက်ဆစ်တို့ကို တိုက်ရန် လက်တွဲပူး ပေါင်းခဲ့ကြသည်။
ထိုချိန်မှာပင် အမေရိကန် သည် ဥရောပနှင့် ပေါင်းကာ နေတိုးစစ် အုပ်စုဖွဲ့ခဲ့သည်။ စီးပွားရေးပူးပေါင်းဆောင် ရွက်ရေးအဖွဲ့များဖွဲ့ကာ ဆိုဗီယက်အုပ်စုအား ရန်လုပ်လာခဲ့သည်။ စစ်အေးတိုက်ပွဲခေါ် ဝါဒချင်းပြိုင် အနိုင်ဗိုလ်လုပွဲ၊ ပြိုင်ဘက် ဖြိုချပွဲများလုပ်လာသည်။
ဆိုဗီယက်သည် အာကာသသိပ္ပံတွင် အမေရိကန်ထက်စောစွာ ရှေ့ကပြေးနေ ခဲ့သည်။ အမေရိကန်နှင့် အပေါင်းပါ အင်္ဂလိပ်၊ ပြင်သစ်တို့ကို စိတ်မချ၍ ဒီကနေ့ အမေရိကန်က အဏုမြူဗုံးဖြစ်သွားလျှင် နောက်နေ့ ဆိုဗီယက်ဖြစ်အောင် လိုက်လုပ် သည်။ ဤသို့ဖြင့် ကမ္ဘာ့လက်နက်ပြိုင်ပွဲ ကြီး ဖြစ်လာခဲ့သည်။ အမေရိကန်ပြည် ထောင်စုသည် သီးခြားလွတ်လပ်သော ပြည်နယ် ၁၃ ခုဖြင့် ကွန်ဖက်ဒရိတ်တက် ပြည်ထောင်စု (နိုင်ငံစု) စတင်ဖွဲ့ခဲ့ပြီးမှ ထို ကွန်ဖက်ဒရယ်၏ ဆိုးကျိုးအနိဋ္ဌာရုံများ ကြောင့် ဖက်ဒရယ်ပြည်ထောင်စု ပြောင်းဖွဲ့ ခဲ့ရသည်။ ၁၇၈၇ ခုနှစ်တွင် စတင်ရေးဆွဲ ကာ ရေးဆွဲသူ သုံးဆယ်ကျော်က အတည် ပြုခဲ့သော အမေရိကန်ပြည်ထောင်စု ဖွဲ့စည်း ပုံအခြေခံဥပဒေသည် ယနေ့တိုင် နှစ်ပေါင်း ၂၃ဝ ခန့်တည်တံ့ခိုင်မြဲခဲ့သည်။ ခေတ် အလိုက် လိုအပ်သောပြင်ဆင်မှုများ လုပ်ခဲ့ သော်လည်း အခြေခံဥပဒေကြီးတစ်ခုလုံးကို ပြင်မဆွဲခဲ့ရပေ။
ပြင်သစ်တွင် အခြေခံ ဥပဒေသစ် ၁၅ ကြိမ်မက အသစ်ရေးဆွဲ ခဲ့ရပြီ။ စစ်တပ်အာဏာသိမ်းမှု ၁၉ ကြိမ် ရှိသောထိုင်းနိုင်ငံ၊ အာဏာသိမ်းမှု ၁၁ ကြိမ် ရှိသော ပါကစ္စတန်နိုင်ငံတို့တွင်အခြေခံ ဥပဒေဟောတစ်ခု၊ ဟောတစ်ခုအသစ် ပြင် ဆွဲနေရဆဲဖြစ်ပေသည်။
အမေရိကန်အခြေခံဥပဒေတွင် အချုပ် အခြာအာဏာရပ်ကြီး၏ ခက်မသုံးဖြာဖြစ် သော ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေး အာဏာ၊ တရားစီရင်ရေးအာဏာတို့ကို သီးခြားစီပိုင်းခြားကျင့်သုံးစေသည်။ ထို့ ကြောင့် ရွေးကောက်ပွဲအနိုင်ယူ၊ အာဏာရ ပါတီခေါင်းဆောင်လက်ထဲသို့ အချုပ်အခြာ အာဏာရပ်ကြီးတစ်ခုလုံး သို့မဟုတ် နိုင်ငံ တော်အာဏာ သုံးရပ်ဖြစ်သည့် ဥပဒေပြု၊ အုပ်ချုပ်တရားစီရင်ခွင့်အာဏာများ စုပြုံ ထည့်ပေးမထားချေ။ တစ်ဦးတစ်ယောက် လက်ထဲ အာဏာသုံးရပ်လုံး စုပုံပေးအပ် ထားပါက ထိုအာဏာအားလုံးကို ဆုပ်ကိုင် ထားသူသည် ဘဝင်မြင့်၊ အောက်ခြေလွတ် ကာ အာဏာရှင် ဘဝရှင်မင်းတရားကြီး စိတ်မျိုးဝင်သွားလေသည်။ မြန်မာနိုင်ငံ ဖဆပလ အစိုးရလက်ထက် ဝန်ကြီးချုပ် ဦး(သခင်) နုအား အာဏာရှင်ကြီးဘဝရှင် မင်းတရားကြီးဟုဝန်ကြီးဦးထွန်းဖေ၊ ဝန်ကြီး ဦးကျော်ငြိမ်းတို့က စွပ်စွဲပြစ်တင်ခဲ့သည်ကို ပြန်ပြောင်းစဉ်းစားကြည့်သင့်ပေသည်။
မြန်မာနိုင်ငံတွင် လွတ်လပ်ရေးရသည့် နှစ်မှာပင် ဝါဒစုံ၊ ပါတီစုံဗိုလ်လု အာဏာ လုရင်းပြည်တွင်းစစ်ဖြစ်ခဲ့သည်မှာ ယနေ့ တိုင်ဖြစ်သည်။ မြန်မာနိုင်ငံကို အင်္ဂလိပ် နယ်ချဲ့နှင့် ဖက်ဆစ်ဂျပန်နယ်ချဲ့အောက်မှ လွတ်မြောက်စေပြီး လွတ်လပ်ရေးရလာ အောင် ဗိုလ်ချုပ်အောင်ဆန်းက မဖြစ်မနေ ကြိုးစားပေးခဲ့သည်။ ဗိုလ်ချုပ်ကြီးနေဝင်းက ပြည်တွင်းစစ်အကွဲအပြဲ၊အဆဲအချဲ၊ အတိုက် အခိုက်များကြောင့် လွတ်လပ်ရေး ပြန်လည် ဆုံးရှုံးလုလု အခြေအနေသုံးကြိမ်စလုံး ကာ ကွယ်စောင့်ရှောက်ပေးခဲ့သည်။ ဗိုလ်ချုပ် မှူးကြီးစောမောင်၊ ဗိုလ်ချုပ်မှူးကြီး သန်း ရွှေတို့က ရှစ်လေးလုံးပြည်ထောင်စုဖြိုပွဲ၊ သူ့ကျွန်ပြန်ခံပွဲကာလတွင်ပြည်ထောင်စုကြီးကို ကာကွယ်ပေးခဲ့သည်။ ယနေ့ငြိမ်းချမ်းရေးရ ယူပြီးမှပြည်ပနယ်ချဲ့ပယောဂဖြင့် ပြန်လည် ထြ<ွကသောင်းကျန်းနေသော သောင်းကျန်း သူအဖွဲ့များ၊ ကျူးကျော်ခိုးဝင်လာပြီး မြန်မာ့ မြေကို အပိုင်စီးလိုသော ဘာသာသာသနာ ဖျက်၊ လူမျိုးဖျက် ဘင်္ဂါလီကုလားဆိုး သောင်းကျန်းသူများ၊ ကေအိုင်အေသြဇာခံ ဘင်္ဂါလီသူပုန်နှင့်အကြမ်းဖက်တို့အထောက် အပံ့ဖြင့် အကြမ်းဖက်တိုက်ခိုက်လာသော AA ခေါ် ရခိုင်တပ်မတော်အမည်ခံအမျိုး သားသစ္စာဖောက်သူပုန်များအပါအဝင်နိုင်ငံ တော်ကို အကြမ်းဖက်ဖျက်ဆီးနေကြသူများ ရန်မှ နိုင်ငံတော်နှင့်နိုင်ငံသားများကို လက် ရှိပြည်ထောင်စုတပ်မတော်ကာကွယ်ရေးဦး စီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ က ထိရောက်စွာကာကွယ်ပေးနေပေသည်။
မြန်မာပြည်ထောင်စုကြီး ဟူသည် အလောင်းဘုရားတည်ထောင်စုစည်းခဲ့သည့် တတိယမြန်မာနိုင်ငံတော်ကြီး၏ ပိုင်နက် နယ်မြေများအတိုင်း အတိအကျပြန်လည် လွတ်လပ်အောင် မြန်မာ့တပ်မတော်ကို ပက တူးတည်ထောင်ဦးဆောင်ခဲ့သည့်တပ်မတော် ဖခင်ကြီးဗိုလ်ချုပ်အောင်ဆန်းက ပင်လုံညီ လာခံသဘောတူစာချုပ်၊ ပင်လုံစိတ်ဓာတ် ဖြင့် ကြိုးပမ်းခဲ့သဖြင့် အချုပ်အခြာအာဏာ ပိုင်လွတ်လပ်သော မြန်မာပြည်ထောင်စုကြီး ကို တည်ထောင်ဖွဲ့စည်းပေးခဲ့ပေသည်။ နယ် ချဲ့အင်္ဂလိပ်တို့က မြန်မာနိုင်ငံကို လွတ်လပ် ရေးမပေးလျှင် မဖြစ်တော့သည့်အခြေအနေ မှာပင် မဟာမြေပြန့်ဒေသ(ယနေ့တိုင်းဒေသ ကြီးခုနစ်ခု)ကိုသာ လွတ်လပ်ရေးပေးမည် ဟုမူးတင်းပဲတင်းလုပ်လာ၍ ဗိုလ်ချုပ်အောင် ဆန်းက ပင်လုံညီလာခံ(၁၉၄၇)ကို တက် ရောက်ကာ လွတ်လပ်သော တပေါင်းတ စည်းတည်း မြန်မာပြည်ထောင်စုဖြစ်အောင် ကြိုးပမ်းခဲ့သည်။ အင်္ဂလိပ်နယ်ချဲ့အရာရှိ ကြီးများက ပယောဂဝင်နေသောစော်ဘွား တချို့မှတစ်ဆင့် နှောင့်ယှက်သည့်ကြားမှ အမြော်အမြင်ကြီးမားသော တိုင်းရင်းသား ခေါင်းဆောင်ကြီးများက ၁၂-၂-၁၉၄၇ရက် နေ့တွင် ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုး ခဲ့ကြပေသည်။ (ပင်လုံညီလာခံ -၁၉၄၇ သည် တိုင်းရင်းသားမျိုးနွယ် ၁၃၅မျိုး အကျုံးဝင်သော မြန်မာအားလုံးက နယ်ချဲ့ ၏ ယုတ်မာသောသွေးခွဲမှုကို ကျော်နင်းကာ စုစည်းညီညွတ်သော ပြည်ထောင်စုစိတ် ဓာတ်ကိုယ်စီဖြင့် လွတ်လပ်သော ပြည် ထောင်စုမြန်မာနိုင်ငံတော်ကြီးကို ဖြစ်ပေါ် စေခဲ့ပေသည်။)
ဆိုဗီယက်ပြည်ထောင်စုသည် ၁၅နိုင်ငံ စုဖွဲ့ခဲ့သော ကွန်ဖက်ဒရိတ်တက်နိုင်ငံစု အဖွဲ့ ဖြစ်လေသည်။ ရုရှ၊ ယူကရိန်း၊ ဘီလာရုစ်၊ ဂျော်ဂျီယာ၊ အဇာဘိုင်ဂျန်၊ တာဂျစ်ကစ္စတန်၊ တွတ်ခ်မင်နစ္စတန်၊ ခါဂျစ်ဇီးယာ၊ ဥဇဘက် ကစ္စတန်၊ အာမေးနီးယား၊ လတ်ဗီးယား၊ အက်စတိုးနီးယားစသည့် ပြည်ထောင်စုဝင် ၁၅နိုင်ငံစလုံးသည် သီးခြားလွတ်လပ်သော နိုင်ငံများဖြစ်၍ ထိုပြည်ထောင်စုသည် ဖက် ဒရယ်(ပြည်နယ်စု) ပြည်ထောင်စုမဟုတ် နိုင်ငံစု(ပြည်ထောင်စု)သာဖြစ်သည်။
သို့ သော် ဆိုဗီယက်ကွန်မြူနစ်ပါတီက အစိုးရ အဖွဲ့ကို ဖွဲ့စည်းဦးဆောင်ထားနိုင်ခဲ့ပြီး ပြည် ထောင်စုဝင်နိုင်ငံတိုင်းမှာပင် ဆိုဗီယက်ကွန် မြူနစ်ပါတီ၏ ဒေသပါတီခွဲများအားလုံးက ဆိုဗီယက်ကွန်မြူနစ်ပါတီ၊ ဆိုဗီယက်အစိုးရ၊ ဆိုဗီယက်ခေါင်းဆောင်ကြီးတို့နှင့် တစ်သွေး တည်းတစ်သံတည်း တစ်စိတ်တစ်ဝမ်း တည်းဖြစ်၍ ၁၉၁၇ခုနှစ်မှ ၁၉၉၁ခုနှစ်ကုန် အထိ နှစ်ပေါင်း ၇ဝကျော် တည်တံ့ခိုင်မြဲ၊ စုစည်းညီညွတ်ခဲ့ပေသည်။ ဆိုဗီယက်ခေါင်း ဆောင်သစ်ဂေါဘာချော့ဗ်လက်ထက်တွင် အနောက်အရင်းရှင်နယ်ချဲ့အုပ်စု၏ ဒေါ်လာ ကွန်ရက်တွင်း သက်ဆင်းကျရောက်သော မတတ်တတတ်ဂေါဘာချော့ဗ်၏ ပြုပြင် ပြောင်းလဲရေးလက်တည့်စမ်းသဖြင့် ဆိုဗီ ယက်ပြည်ထောင်စုကြီး ၁၅နိုင်ငံ ကွဲထွက် သွားခဲ့ရလေသည်။ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကား စစ်မှန်ပြည့်ဝစုံလင်သော ပြည်ထောင်စုစစ် စစ်(ဖက်ဒရယ်ပြည်ထောင်စု)ဖြစ်လေသည်။ ၁၉၆၂ ခုနှစ်အစပိုင်းတွင် ရှမ်းစော်ဘွားများ က ပြည်ပပယောဂဖြင့် ဖက်ဒရယ်ကို စစ် မှန်သောဟူသည့် ရှေ့ဆက်စာလုံးတပ်ကာ ဖက်ဒရယ်လှုပ်ရှားမှု (စစ်မှန်သောဖက်ဒ ရယ်မူ)ဆိုသည်ကို တင်လာသည်။ အဓိက ရည်ရွယ်တောင်းဆိုပုံဖော်နေသည်မှာ ကွန် ဖက်ဒရယ်ခေါ် သီးခြားလွတ်လပ်သောခွဲ ထွက်ပြည်နယ်များအစုအဖွဲ့ကို တောင်းဆို နေခြင်းသာဖြစ်သည်။ ယင်းဖက်ဒရယ်မူ သာ အောင်မြင်သွားလျှင် ယနေ့ မြန်မာမြေ ပုံထဲတွင် နိုင်ငံငယ်ရှစ်ခု၏ မြေပုံဖြစ်သွား ပေမည်။ထိုမျှမက ပြည်ထောင်စုမှခွဲထွက်၊ သီးခြားနိုင်ငံထောင်၊ အမေရိကန်ဦးစီးသော ဆီးတိုး SEATO ခေါ် အရှေ့တောင်အာရှ စစ်စာချုပ်ထဲ ပါဝင်ကြမည့် အကြံဆိုးများ ရေးထားသောစော်ဘွားချင်း ပေးစာကိုရမိ သဖြင့် တပ်မတော်က နိုင်ငံ့တာဝန်ဝင်ယူခဲ့ရ ပေသည်။ ထို့ကြောင့် ယခု ၂ဝဝ၈ခုနှစ် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဖွဲ့ စည်းပုံအခြေခံဥပဒေကြီး၏ နိုင်ငံတော် အခြေခံမူ ၁ဝ၄ရပ်တွင် ပြည်ထောင်စု၏ မည်သည့်အစိတ်အပိုင်းမျှ ပြည်ထောင်စု မှခွဲမထွက်ရဟု ဖော်ပြထားခြင်းဖြစ်သည်။ အလားတူပင် မြန်မာ့မြေပေါ်တွင် မည်သည့် နိုင်ငံခြားတပ်မျှ တပ်ချထားခြင်းမရှိစေရဟူ သော နိုင်ငံတော်အခြေခံ၊ ပြည်ထောင်စုမပြို ကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ ခိုင်မြဲရေးဟူသော အမျိုးသားရေးတာဝန် သုံးရပ်ကို မြန်မာနိုင်ငံ၏ မူဝါဒဖြစ်စေရ မည်ဟုသတ်မှတ်ပြဋ္ဌာန်းထားခြင်းဖြစ်သည်။
အာဏာရှင်မပေါ်ပေါက်စေရန် နိုင်ငံ တော်အာဏာရပ် သုံးခု (ဥပဒေပြုရေး၊ အုပ် ချုပ်ရေး၊ တရားစီရင်ရေးအာဏာ)များကို တစ်ဦးတစ်ယောက်လက်ထဲသို့ စုပြုံအပ်နှင်း ခြင်းမပြုဘဲ အာဏာသုံးရပ်ကို ပိုင်းခြားကျင့် သုံးစေရန် ပြဋ္ဌာန်းထားခြင်းဖြစ်သည်။ လွတ် လပ်ရေးရရှိချိန်တွင် စတင်အသုံးပြုရမည့် ၁၉၄၇ခုနှစ်အခြေခံဥပဒေအရ ဗမာပြည်နှင့် ကချင်၊ကယား၊ ကရင်၊ ရှမ်းပြည်နယ်လေး ခုသာ ပါဝင်ခဲ့သည်။ ဖဆပလလက်ထက် တွင် တိုင်းရင်းသားလူမျိုး ဒေသကြီးသုံးခု ဖြစ်သော ချင်းဝိသေသတိုင်း၊ ရခိုင်တိုင်း၊ မွန်တို့၏ ရာမညဒေသတို့က ပြည်နယ် တောင်းလာသည်။ ဦးနုက ရွေးကောက်ပွဲ ကတိအတိုင်း ပြည်နယ်ဖွဲ့မပေး၍ ဆူညံပူညံ ဖြစ်လာသည်။ တော်လှန်ရေးကောင်စီ၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်တွင် ကရင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း စသည့် ပြည်နယ်ခုနစ်ခု၊ တိုင်း ခုနစ်ခုဖြင့် ပြည်ထောင်စုကို ဖွဲ့စည်းသော ၁၉၇၄ခုနှစ် ပြည်ထောင်စုဆိုရှယ်လစ် သမ္မတမြန်မာနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေ (၁၉၇၄)တွင် ပြဋ္ဌာန်းခဲ့သည်။
၂ဝဝ၈ခုနှစ် ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် တိုင်းဒေသကြီး ခုနစ်ခု၊ ပြည်နယ် ခုနစ်ခု အပြင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ငါးခု (ကိုးကန့်၊ 'ဝ'၊ ဓနု၊ ပလောင်၊ ပအိုဝ့်)နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း'ဝ'တို့ဖြင့် ဖွဲ့ စည်းသည်။ တိုင်းဒေသကြီး ခုနစ်ခုတွင် လည်း နေထိုင်သောလူဦးရေအပေါ် မူတည် ပြီး တိုင်းရင်းသားလူမျိုး ကိုယ်စားလှယ် များ ရွေးချယ်တင်မြှောက်ခံနိုင်ကြပေသည်။ ဥပဒေပြုရေးတွင် ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်နယ်၊ တိုင်းဒေသကြီး လွှတ်တော်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုများ၏ဦးစီး အဖွဲ့တို့အတွက် ဥပဒေပြုခွင့်စာရင်းများ ဖော် ပြထားသည်။
မြန်မာပြည်ထောင်စုသည် တိုင်းရင်း သားတို့၏ ပြည်နယ်များဖြင့်ဖွဲ့သော ပြည် ထောင်စုစစ်စစ်ဖြစ်လေသည်။