images
UN
UN
ဘုတလင်မြို့နယ် သက်ရှည်ကန်ကျေးရွာ ပြည်ခိုင်ဖြိုးပါတီဆိုင်းဘုတ်တင်
ရွှေကျီစု(ဘုတလင်) Sunday, 10 February 2019
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ဘုတလင်မြို့နယ် မဂွေးပြင်ကျေးရွာအုပ်စု သက်ရှည်ကန်ကျေးရွာ ဦးခင်မောင်သက် ၏ နေအိမ်ခြံဝင်းအတွင်းတွင် ယနေ့မွန်းလွဲ ၁ နာရီတွင် ပြည်ခိုင်ဖြိုးပါတီဆိုင်းဘုတ် တင်ပွဲအခမ်းအနား ပြုလုပ်ခဲ့သည်။
အဆိုပါ အခမ်းအနားသို့ မုံရွာခရိုင် ပါတီကော်မတီဝင် ဦးစိန်ဝင်းလှိုင်၊ ဘုတ လင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌဦးဝင်း လှိုင်၊ အတွင်းရေးမှူး ဦးသက်နိုင်ဦး၊ အမျိုး သမီးရေးရာတာဝန်ခံဒေါ်ခိုင်ငြိမ်းသူ၊မြို့နယ် မီဒီယာတာဝန်ခံဦးဇော်ထွေးနှင့် မြို့နယ် ကော်မတီဝင်များ၊ ကျေးရွာပြည်ခိုင်ဖြိုး ပါတီဝင်များ တက်ရောက်ခဲ့ကြောင်း သိရ သည်။