images
UN
UN
ခန္တီးဓမ္မစကူးလ် သင်ယူပြီးမြောက်ကြောင်း လက်မှတ်ပေးအပ်ပွဲပြုလုပ်
စိုးလှိုင်(ဝန်းသို) Sunday, 10 February 2019
စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ဝန်းသိုမြို့နယ်၌ ဓမ္မစကူးလ် သင်ယူပြီးမြောက်ခြင်း လက်မှတ်ပေးအပ်ပွဲကို ယနေ့ မွန်းတည့် ၁၂ နာရီတွင် ခန္တီးကျောင်းတိုက်ဓမ္မာရုံအတွင်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆိုပူဇော်ဖွင့်လှစ်ခဲ့ပြီး မြို့နယ်လုံးဆိုင်ရာ ဓမ္မစကူးလ်ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဇီးဖြူပင်ဆရာတော် ဦးနန္ဒိမာထံမှ ငါးပါးသီလခံယူခြင်း၊ ဓမ္မစကူးလ်နှင့်ပတ်သက်သော သြဝါဒကထာ နာယူကြည်ညိုကြပြီး ခန္တီးပရိယတ္တိစာသင်တိုက် စာချ ဆရာတော်အရှင်အဂ္ဂဓမ္မ(မဟာအကျော်)က ကျေးဇူးတင်စကားပြောကြား ခဲ့ကြောင်း သိရသည်။ဆက်လက်ပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးနေမျိုးထွန်းက သာသနာရေးဆိုင်ရာကိစ္စရပ်များကို လျှောက်ထား မေးမြန်းခဲ့ပြီး ခန္တီးဓမ္မစကူးလ်ကျောင်းဆရာမက ဝမ်းမြောက်စကား ပြော ကြားခဲ့ကြောင်း သိရသည်။ထို့နောက် ဓမ္မစကူးလ်ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဆရာတော်ဦးနန္ဒိမာနှင့် နာယကဆရာတော်ကြီးများက ဆုရရှိကြသည့် ဓမ္မစကူးလ်ကျောင်းသားကျောင်းသူကလေးများအား ဆုများအသီးသီးပေး အပ်ခဲ့ကြောင်း သိရသည်။
ယင်းအခမ်းအနားသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးဦးနေမျိုးထွန်း၊ ပြည်ခိုင်ဖြိုးပါတီ စစ်ကိုင်းတိုင်းဒေသကြီးပြောရေးဆိုခွင့်ရှိသူ လူငယ် ရေးရာတာဝန်ခံဒေါ်ငြိမ်းပြည့်ပြည့်ဝင်းရွှေ၊ ဓမ္မစကူးလ်ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဇီးဖြူပင်ကျောင်းဆရာတော်အရှင်နန္ဒိမာနှင့် နာယကဆရာတော်ကြီးများ၊ ဓမ္မစကူးလ်ကျောင်းသားကျောင်းသူများ၊ ဆရာဆရာမများ၊ ဖိတ်ကြား ထားသည့်ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။