images
UN
UN
ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးသည် မူလပထမခေါင်းစဉ်ဖြင့် ရေနွေးကြမ်းစကားဝိုင်းပြုလုပ်
ယူဒီနေ Sunday, 10 February 2019
ရပ်ရွာအေးချမ်းသာယာရေး နှင့် တရားဥပဒေစိုးမိုးရေးသည် မူလပထမခေါင်းစဉ်ဖြင့် ရေနွေး ကြမ်းစကားဝိုင်းကို ယနေ့နံနက် ၁ဝနာရီက ရန်ကုန်မြို့ ဗိုလ်တ ထောင်မြို့နယ်ရှိ House of Orchid တွင် ပြုလုပ်ခဲ့သည်။
အဆိုပါ ရေနွေးကြမ်းစကား ဝိုင်းသို့ ရှေ့နေ ဦးကျော်ဇေယျ၊ ရှေ့နေ ဦးရောဘတ်စန်းအောင်၊ ဦးဌေးအောင်(ဆာကူရာ)၊ ဇောတိ ကဦးခင်လှိုင်တို့နှင့်အတူ ပြည်ခိုင် ဖြိုးပါတီဗဟိုအလုပ်အမှုဆောင် ဦးလှသိန်းတို့ ဝင်ရောက်ဆွေးနွေးခဲ့ ကြောင်းသိရသည်။
''ဖြစ်စေချင်တဲ့ဆန္ဒကတော့ လောကပါလတရားသုံးပါးထွန်းကား ဖို့ပါ။ဒီရည်ရွယ်ချက်နဲ့ဆောင်ရွက် နေခြင်းဖြစ်ပါတယ်။ လောကပါလ တရားသုံးပါးလည်းမရှိဘူး။ရပ်ကွက် အေးချမ်းသာယာရေးနှင့်တရားဥပေဒ စိုးမိုးရေးလည်းမရှိဘူးဆိုရင် ကျွန် တော်တို့ရဲ့ အမျိုးသားအကျိုးစီးပွား ကာကွယ်ဖို့အတွက် ကျွန်တော် တို့ ဘာလုပ်ကြမလဲ။ သူ့ထက်ပိုပြီး ပြည့်စုံလုံလောက်တဲ့ နိုင်ငံသား အတွက် အကာအကွယ်ပေးမယ့် ဥပဒေတစ်ရပ်ပေါ်ပေါက်ဖို့ လိုတယ် လို့ ထင်မြင်ယူဆပါတယ်။ ဒါကို ကျွန်တော်တို့တစ်ဦးတစ်ယောက် တည်းလုပ်လို့မရပါဘူး။ ပြည်သူ အားလုံးကလည်းပါဝင်မှ ဖြစ်မှာ ဖြစ်ပါတယ်။ ခုနကဆရာကြီး ဦးကျော်ဇေယျပြောသွားတဲ့အထဲ မှာ ကျွန်တော်သဘောကျပါတယ်။ကျွန်တော်တို့ခက်မကြီး သုံးဖြာ အပြင် မီဒီယာရယ်၊ လူထုရယ် ဒါတွေအကုန်ပူးပေါင်းဆောင်ရွက်မှ သာ ကျွန်တော်တို့နိုင်ငံ၊ ကျွန်တော် တို့လူမျိုးတွေ ကာကွယ်နိုင်မယ့် ကျွန်တော်တို့ တိုင်းပြည်အချုပ် အခြာအာဏာကို ထိပါးလာမယ့် အန္တရာယ်ကို ကာကွယ်နိုင်မယ့် ဥပဒေတွေကိုတော့ ထုတ်ပြန်ထား ဖို့လိုပါတယ်'' ဟု ပြည်ခိုင်ဖြိုး ပါတီဗဟိုအလုပ်အမှုဆောင် ဦးလှ သိန်းက ပြောသည်။
ထို့နောက် ရေနွေးကြမ်းစကား ဝိုင်းသို့ တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းခဲ့ပြီး သက်ဆိုင်ရာတာဝန်ရှိသူများက ပြန် လည်ဖြေကြားခဲ့ကြောင်းသိရသည်။