images
UN
UN
အရှေ့ပိုင်းခရိုင် ပြည်ခိုင်ဖြိုးပါတီ Youth Day ကျင်းပ
ဇော်မင်းထွန်း(ဒဂုံတောင်) Sunday, 10 February 2019
ရန်ကုန်တိုင်းဒေသကြီး အရှေ့ ပိုင်းခရိုင် ပြည်ခိုင်ဖြိုးပါတီခန်းမ တွင် ခရိုင်လူငယ်(Youth Day)ကို ယနေ့နံနက် ၉ နာရီတွင် ကျင်းပ ကြောင်း သိရသည်။ အခမ်းအနား သို့ ရန်ကုန်အရှေ့ပိုင်းခရိုင် ၁၃ မြို့နယ်မှတစ်မြို့နယ် လူငယ်ငါးဦး နှုန်းဖြင့် တက်ရောက်ခဲ့ကြပြီး ရန်ကုန်တိုင်းဒေသကြီး လူငယ် ရေးရာတာဝန်ခံ ဦးမိုးဝင်းကျော်က အရှေ့ပိုင်းခရိုင် လူငယ်(Youth Day)နှင့်ပတ်သက်၍အတွေ့အကြုံ များ၊လူငယ်လှုပ်ရှားမှုနှင့်ပတ်သက် ၍ ပရဟိတလုပ်ငန်းစဉ်များ၊ဆောင် ရွက်ခဲ့သမျှ အတွေ့အကြုံများအား မျှဝေပေးခြင်း၊ ပါတီအောင်နိုင်ရေး အတွက် လုပ်ဆောင်ရန်မှာကြား ခြင်းများဆွေးနွေးပေးပြီး ရန်ကုန် တိုင်းဒေသကြီးလူငယ်လှုပ်ရှားမှု တာဝန်ခံဒေါက်တာဇော်လင်းပြုံးက လူငယ်ရေးရာဖွဲ့စည်းမှုနှင့်ပတ်သက် ၍ ခေါင်းစဉ် ခုနစ်ခုဖြင့် ဆွေးနွေး ခြင်း၊ ခရိုင်လူငယ်ရေးရာတာဝန်ခံ ဒေါ်ယဉ်ချောလှိုင်ကမြို့နယ်အလိုက် လူငယ်ဖွဲ့စည်းမှုများအား စိစစ်၍ လုပ်ငန်းစဉ်များဆွေးနွေးခြင်း၊တက် ရောက်လာသော မြို့နယ်လူငယ် ရေးရာများမှ မြို့နယ်အလိုက်မိမိတို့ လုပ်ဆောင်ချက်များအား ပြန်လည် တင်ပြခြင်း၊အစည်းအဝေးကိုအရှေ့ ပိုင်းခရိုင်ပါတီ ဥက္ကဋ္ဌဦးစိန်မြင့်က တင်ပြမှုများအားပြန်လည်ရှင်းလင်း ပြောကြားပြီး အရှေ့ပိုင်းခရိုင် လူငယ်(Youth Day)အားမွန်းတည့် ၁၂ နာရီတွင် ပြီးဆုံးခဲ့ကြောင်း သိရသည်။