images
UN
UN
ဒေါပုံမြို့နယ် ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီးတွေ့ဆုံပွဲကျင်းပ
ဝင်းကျော်(ဒေါပုံ) Sunday, 10 February 2019
ဒေါပုံမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အ စည်းဝေးခန်းမ၌ ယနေ့ နံနက် ၁ဝ နာရီက မြို့နယ်အမျိုးသမီးတွေ့ဆုံပွဲ အခမ်းအနားကို ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟို ကော်မတီဝင်ရန်ကုန်တိုင်းအမျိုးသမီး ရေးရာတာဝန်ခံ ဒေါ်စန်းစန်းဝင်း၊ အရှေ့ပိုင်းခရိုင်ပါတီဥက္ကဋ္ဌ ဦးစိန် မြင့်၊ အရှေ့ပိုင်းခရိုင် ပါတီအတွင်း ရေးမှူးဒေါ်ဇာခြည်လင်း၊ မြို့နယ် ပါတီနာယက ဦးဝေဇင်နှင့် မြို့နယ် ပါတီနာယကအဖွဲ့များ၊မြို့နယ်ပါတီ ဥက္ကဋ္ဌဦးလှမြင့်၊ မြို့နယ်ပါတီ အတွင်းရေးမှူး ဦးမောင်မောင် သန်း၊ မြို့နယ်ပါတီ အမျိုးသမီး တာဝန်ခံ ဒေါ်အေးအေးမြင့်နှင့် မြို့ နယ်ကော်မတီဝင်များ၊ ရပ်ကွက် ပါတီဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်ပါတီဝင် အမျိုးသမီးအဖွဲ့ များနှင့် ဖိတ်ကြားထားသော ဧည့် သည်တော်များ အင်အားစုစုပေါင်း ၈၅ ဦး တက်ရောက်ခဲ့ကြသည်။
အခမ်းအနားကို နိုင်ငံတော် သီချင်းသီဆိုဖွင့်လှစ်၍ ဗဟိုကော် မတီဝင်ရန်ကုန်တိုင်းအမျိုးသမီးတာ ဝန်ခံဒေါ်စန်းစန်းဝင်းကအဖွင့်အမှာ စကားပြောကြားပြီး ခရိုင်ပါတီ အတွင်းရေးမှူး ဒေါ်ဇာခြည်လင်း က အမျိုးသမီးညီလာခံ အတွေ့အ ကြုံများ ရှင်းလင်းပြောကြား၍ မြို့ နယ်အမျိုးသမီးတာဝန်ခံ ဒေါ်အေး အေးမြင့်နှင့် မြို့နယ်အမျိုးသမီး ကိုယ်စားလှယ်များမှ မြို့နယ်အမျိုး သမီးအဖွဲ့များ၏လှုပ်ရှားဆောင်ရွက် နေမှုများ၊ ရှေ့ဆက်လက်ဆောင် ရွက်မည့်ကိစ္စများအား ညှိနှိုင်းဆွေး နွေးအတည်ပြုခဲ့ကြပြီး မြို့နယ် ပါတီဥက္ကဋ္ဌ ဦးလှမြင့်က နိဂုံးချုပ် အမှာစကားပြောကြားကာ အခမ်း အနားကို နံနက် ၁၁ နာရီခွဲတွင် အောင်မြင်စွာ ပြီးဆုံးခဲ့ကြောင်း သိရသည်။