images
UN
UN
ဦးသိန်းညွန့်၏ လျှော့ဈေးအဖြစ် ဆန်တစ်ပြည် ကျပ် ၈ဝဝ ဖြင့်ရောင်းချ
ကိုနေ Sunday, 10 February 2019
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် စံပြရပ်ကွက် သခင် ဖိုးလှကြီးလမ်းနှင့်စံပြ (၅)လမ်းထိပ်တွင် ယနေ့ နံနက် ၉ နာရီခွဲက လိုအပ်သူများအတွက် ဦးသိန်းညွန့်၏လျှော့ဈေးဆန် တစ်ပြည်ကို ကျပ် ၈ဝဝ ဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။ ဆန် ၁၇ အိတ်ရောင်းချ ပေးခဲ့ပါတယ်။ပထမ ၁ဝ အိတ်ပဲရောင်းမလို့။ နောက်မှမလောက်လို့ ခုနစ်အိတ်ထပ်ရောင်းပေးခဲ့တာ။ကလေးတွေကအစ လာတိုးဝယ်ကြတာ။ အမျိုးသားဒီမိုကရေစီပါတီသစ် ပါတီဘဏ္ဍာရေးမှူးဖြစ်သူဦးနေဝင်းသန်း က ပြောသည်။
ထိုသို့လိုအပ်သူများအတွက် ဦးသိန်းညွန့်၏ လျှော့ဈေးဆန်ရောင်းချမှု မှာ စုစုပေါင်း လေးကြိမ်ရှိပြီဖြစ်ကြောင်း သိရသည်။
Image may contain: one or more people, tree and outdoor