images
UN
UN
ပြည်ခိုင်ဖြိုးပါတီ ပဲခူးတိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးစောမော်ထွန်း မြို့နယ်ပါတီဥက္ကဋ္ဌများ လူငယ်တာဝန်ခံများ သီဟသွေးလူငယ်များ တွေ့ဆုံပွဲသို့ တက်ရောက်
ဖြိုးကိုလင်း(ညောင်ဝိုင်း) Sunday, 10 February 2019
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှု ဆောင် ပဲခူးတိုင်းဒေသကြီး ပါတီ ဥက္ကဋ္ဌဦးစောမော်ထွန်းသည် ယနေ့ နံနက်ပိုင်းက ခရိုင်ပါတီအစည်း အဝေးခန်းမ၌ ကျင်းပခဲ့သော ပါတီဗဟိုကော်မတီဝင်နှင့် ပဲခူး ခရိုင်၊ တောင်ငူခရိုင် မြို့နယ်ပါတီ ဥက္ကဋ္ဌများ၊ သီဟသွေးလူငယ်များ တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။အစီအစဉ်အရ ရှေးဦးစွာ ပါတီဗဟိုကော်မတီဝင် လူငယ် ရေးရာကော်မတီဝင် ဦးလှထွန်းဦးက ပါတီ၏ အကောင်အထည် ဖော်ဆောင်ရွက်နေသော မူဝါဒလမ်းညွှန်ချက်များ၊ ပါတီ ဥက္ကဋ္ဌကြီး၏ လမ်းညွှန်မှာကြားချက်များ၊ ပါတီအဆင့်ဆင့်တွင် ဆောင်ရွက်ရန် ညွှန်ကြားထားသော လုပ်ငန်းကိစ္စရပ်များ၊လူငယ် များအပေါ်ထားရှိထားသော မျှော်မှန်းချက်များအား ရှင်းလင်း ပြောကြားခဲ့သည်။
ထို့နောက် သက်ဆိုင်ရာပါတီအဆင့်ဆင့် တာဝန်ရှိသူများက အမှာစကားပြောကြားခဲ့ပြီး တက်ရောက်လာကြသော မြို့နယ် ပါတီဥက္ကဋ္ဌများ၊ လူငယ်တာဝန်ခံများ၊ သီဟသွေးလူငယ်များက မြေပြင်တွင် လက်ရှိကြုံတွေ့နေရသော ပါတီလက်ရှိအခြေအနေ၊ ပြည်သူနှင့် နယ်မြေကွင်းဆင်းတွေ့ဆုံရာတွင် ကြုံတွေ့ရမှုအခြေ အနေများ၊ ပါတီတွင်း/ပြင်ပကိစ္စရပ်များ၊ ဆက်လက်လုပ်ဆောင် မည့် လုပ်ငန်းကိစ္စရပ်များ၊ လုပ်ဆောင်နေမှုအခြေအနေများကို အသီးသီးအပြန်အလှန် တင်ပြဆွေးနွေးခဲ့ကြသည်။ တင်ပြချက် များအပေါ် တာဝန်ရှိသူများက အပြန်အလှန် ပေါင်းစပ်ဆွေးနွေး ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ယမန်နေ့ နံနက်ပိုင်းကလည်း တောင်ငူခရိုင် အစည်း အဝေးရုံးခန်းမတွင် ပါတီဗဟိုလူငယ်တာဝန်ခံနှင့် ခရိုင်အတွင်းရှိ မြို့နယ်ဥက္ကဋ္ဌများ၊ မြို့နယ်လူငယ်တာဝန်ခံများ၊ သီဟသွေး လူငယ်များနှင့်လည်း တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။