images
UN
UN
တာချီလိတ်၌ လက်နက်ခဲယမ်းများနှင့်အတူ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
ဖြိုးလေး(တာချီလိတ်) Sunday, 10 February 2019
ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့တွင် တစ်လအတွင်း သေနတ်ပစ်ခတ်မှုသုံးကြိမ် ဖြစ်ပွား ခဲ့ခြင်းကြောင့် နယ်မြေလုံခြုံရေးအတွက် ပိတ်ဆို့ ရှာဖွေစစ်ဆေးမှုများ အဆက်မပြတ် ဆောင်ရွက်လျက် ရှိရာ ယမန်နေ့ညပိုင်းက ဆန်ဆိုင်း (ခ)ရပ်ကွက် မြို့ပတ်လမ်းဆုံတစ် နေရာ၌ လက်နက်ခဲယမ်းများ၊ မူး ယစ်ဆေးဝါးများနှင့် ဆက်စပ် ပစ္စည်းများ ဖမ်းဆီးရမိကြောင်း သိရသည်။
ဖြစ်စဉ်မှာ ခရိုင်ရဲတပ်ဖွဲ့မှူး၊ ဒုတိယရဲမှူးကြီးပေါ်ထွန်း၊ မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးလှဦး၊ တာချီ လိတ်မြို့မရဲစခန်းမှူး ဒုတိယရဲမှူး မျိုးခိုင်၊ အမှတ် (၅၂၆)ခြေမြန်တပ် ရင်းမှ ဗိုလ်ကြီးရန်လင်းအောင် ဦးစီးတပ်ဖွဲ့ဝင်များ၊ နယ်ထိန်း ခေါင်းဆောင် ရဲအုပ်ကိုကိုဦး၊ ရှမ်း ပြည်နယ်မှုခင်းအကူရဲတပ်ဖွဲ့မှ ဒုရဲ အုပ် ဝေလင်းထွန်းနှင့် တပ်ဖွဲ့ဝင် များ၊ ပြည်သူ့စစ်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဆန်ဆိုင်း(ခ) ရပ်ကွက်၊ မြို့ပတ်လမ်းဆုံတွင် ယာဉ်မောင်းစိုင်းအိုက်လူ မောင်း နှင်လာသည့် SHN-H8/ ..... နံပါတ်ပါ နက်ပြာရောင်မော်တော် ယာဉ်အား ရပ်တန့်ရှာဖွေ စစ်ဆေး ရာ ယာဉ်နောက်ခန်းမှ Pag-503 နံပါတ်ပါပစ္စတိုတစ်လက်၊ ယင်း ကျည်သုံးတောင့်ပါ ကျည်အိမ်တပ် လျက်၊ A32232 နံပါတ်ပါ CZE-CHRE PUBLIC အမျိုးအစား သေနတ်တစ်လက်၊ ယင်းကျည်ကိုး တောင့်ပါ ကျည်အိမ်တပ်လျက်၊ A652081 နံပါတ်ပါ CZECH-RE PUBLIC အမျိုးအစား သေ နတ်တစ်လက်၊ ယင်းကျည် ၁၅ တောင့်ပါ ကျည်အိမ်တပ်လျက်၊ ကျည်အိမ်အပိုတစ်ခု၊ 70910619 နံပါတ်ပါ Colts-pt-F-A-MFG-CC-HARTFORT-CONN အမျိုးအစား သေနတ်တစ်လက်၊ ကျည်အိမ်တပ်လျက်၊ ကျည်အိတ် အပိုတစ်ခု၊ H-97977Z နံပါတ်ပါ တစ်လက်၊ ယင်းကျည်သုံးတောင့် ပါ ကျည်အိမ်တပ်လျက်၊ 9MM LUGER PA 15 စာတန်းပါကျည် တောင့် ၃ဝ၊ 45 AUTO PMC စာတန်းပါကျည် ၃၄ တောင့်၊WY စာတန်းပါ ပန်းရောင်စိတ်ကြွဆေး ပြား၁၉ဝဝဝ၊ ICE အဖြူရောင် ပုံဆောင်ခဲအလေးချိန် ၁၂၅ဂရမ်ခန့် တစ်ထုပ်၊ICE အညိုရောင်ပုံ ဆောင်ခဲအလေးချိန် ၈၅ ဂရမ်ခန့် တစ်ထုပ်၊ ဘိန်းဖြူအမှုန့် ယင်း ဂရမ် ၃ဝဝခန့်၊ ဘိန်းညိုအမှုန့် ဂရမ် ၃ဝ ခန့်၊ အရှည် ၁၃ လက်မခန့်ရှိ အစိမ်းနုရောင် ပလတ်စတစ်အိတ် ၁၉ဝ၊ မြန်မာငွေကျပ် ၃၇၅ဝ၊ ထိုင်းဘတ်ငွေ ၂ဝ၊ တရုတ်ယွမ်ငွေ ၆၂ ယွမ်၊ မလေးရှားငွေ တစ်ရင်း ဂစ်တန် တစ်ရွက်၊ ဘရူနိုင်းတစ် ဒေါ်လာတန် တစ်ရွက်၊ လက်ကိုင် ဖုန်း နှစ်လုံး ၊ နိုင်ငံသားစိစစ်ရေး ကတ်ပြားတစ်ခုနှင့် ယာဉ်မောင်း လိုင်စင်တစ်ခုတို့ကို သိမ်းဆည်းရမိ ခြင်းဖြစ်သည်။
ဆက်လက်၍ စစ်ဆေးချက် အရ ၄င်းနေထိုင်ရာ ဆန်ဆိုင်း(ခ) ရပ်ကွက်၊ စံပယ်လမ်းသွယ်(၅)ရှိ နေအိမ်အား ဝင်ရောက်ရှာဖွေရာ သေနတ်အိတ်နှစ်ခု၊ ခါးချိတ်သေ နတ်အိတ်သုံးခု၊ အနက်ရောင်မှန် ပြောင်းတစ်ခု၊ Police စာတန်းပါ အနက်ရောင်ခါးပတ်တစ်ခု၊ အရွယ် အစားမျိုးစုံ ဓားဦးချွန် သုံးချောင်း၊ 1500ML စာတန်းပါ ဖန်ပေါင်းအိုး တစ်လုံး၊ အအေးစုပ်ပိုက်တစ်ထုပ်၊ မှိုင်းခံစက္ကူအရွက် ၉ဝ နှင့် အစိမ်း ရောင်တိပ် တစ်ထုပ်တို့ကို သိမ်း ဆည်းရမိကြောင်း သိရသည်။
အဆိုပါ လက်နက်ခဲယမ်း များ၊ မူးယစ်ဆေးဝါးများ၊ဆက်စပ် ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ သည့် စိုင်းအိုက်လူအား တာချီ လိတ်မြို့မရဲစခန်းတွင်အမှုဖွင့်အရေး ယူဆောင်ရွက်လျက်ရှိကြောင်း သိ ရသည်။