images
UN
UN
စွန့်ပစ်မြေစာပုံပြိုကျပြီး ပျောက်ဆုံးနေသူ ရုပ်အလောင်း ခြောက်ရက်အကြာပြန်လည်တွေ့ရှိ
မိုဃ်းကျ(မြစ်ကြီးနား) Monday, 11 February 2019
ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်း ရေမဆေးကျောက် ရှာဖွေသူတစ်ဦး မြေစာပုံပြိုကျရာတွင်ပါသွားခဲ့ကာ ပျောက်ဆုံးနေရာ မှ ခြောက်ရက်အကြာတွင် ပြန်လည်တွေ့ရှိခဲ့ကြောင်း ဖားကန့်မြို့နယ် ရဲမှတ်တမ်းအရ သိရသည်။
ဖြစ်စဉ်မှာ ယခုလ ၄ရက် ည ၉နာရီက ကချင်ပြည်နယ် ဖား ကန့်မြို့နယ် လုံခင်းကျေးရွာအနီး နိုင်ငံတော်နှင့်အကျိုးတူပူးပေါင်း ဆောင်ရွက်လျက်ရှိသည့် ဂျိတ်ပါဝါ၊ ဆဲဗင်းစတား၊ ဝင်းပိုင်ကျော် ကျောက်မျက်တူးဖော်ရေးကုမ္ပဏီများမှစွန့်ပစ်ထားသည့် အလျား ပေ၂ဝဝ နှင့် အမြင့် ပေ၄ဝ၊ အနံ ၁၅ပေခန့်ရှိ စွန့်ပစ်မြေစာပုံပြိုကျရာ တွင် လုံးခင်းကျေးရွာနေသူများဖြစ်သည့် ရေမဆေးကျောက်ရှာဖွေသူ တင်ဇော်(၂ဝနှစ်)နှင့် သိန်းဇော် (၂၇နှစ်)တို့နှစ်ဦးမှာ စွန့်ပစ်မြေစာပုံ နှင့်အတူ မျောပါပျောက်ဆုံးသွားခဲ့ကြောင်း မိဘဆွေမျိုးများ၏ သတင်းပို့တိုင်ကြားချက်အရ သက်ဆိုင်ရာတာဝန်ရှိသူများ၊ ကြက် ခြေနီနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ပူးပေါင်းရှာဖွေမှုများဆောင် ရွက်ခဲ့သော်လည်း မတွေ့ရှိခဲ့သဖြင့် စုံစမ်းရှာဖွေမှုကို ရပ်နားခဲ့သည်။
ထို့နောက် ယမန်နေ့နံနက် ၈ နာရီတွင် မြေစာပုံပြိုသည့်နေရာ အောက်ရေအိုင်တွင် လူသေအလောင်းတစ်လောင်းပေါ်နေကြောင်း ဒေသခံပြည်သူများ၏သတင်းပေးပို့ချက်အရတာဝန်ရှိသူများ၊ လူမှုရေး အသင်းအဖွဲ့ဝင်များက သွားရောက်စစ်ဆေးရာ သေဆုံးလျက် တွေ့ရှိရသူမှာ မြေစာပုံပြိုကျရာတွင် ပျောက်ဆုံးနေသူ သိန်းဇော်ဖြစ် ကြောင်း မိဘဆွေမျိုးတို့၏အတည်ပြုပြောကြားချက်အရ သိရှိရပြီး သေဆုံးသူအား လုံးခင်းတိုက်နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ ကြောင်း သိရသည်။