images
UN
UN
သတ္တမတန်းကျောင်းသူလေးကို အလိုမတူသားမယားအဖြစ်ပြုကျင့်ရန်ကြံစည်မှုဖြစ်ပွား
ဇော်ဇော်(မြို့သစ်) Monday, 11 February 2019
မကွေးတိုင်းဒေသကြီး မြို့ သစ်မြို့နယ် မြေပြင်သာကျေးရွာ အုပ်စု အောင်မြင်သာကျေးရွာနေ ထိုင်သူသတ္တမတန်းကျောင်သူလေး တစ်ဦးအား အလိုမတူသားမယား အဖြစ်ပြုကျင့်ရန် ကြံစည်မှုဖြစ်ပွား သွားကြောင်း မြို့သစ်မြို့မရဲစခန်း မှ သိရသည်။
ဖြစ်စဉ်မှာယခုလ ၄ရက်ညနေ က မြေပြင်သာကျေးရွာ အထက် တန်းကျောင်း သတ္တမတန်းတွင် ပညာသင်ကြားနေသော ကျောင်း သူလေးသည် သူနှင့်တစ်ရွာတည်း နေထိုင်ပြီး ထိုကျောင်းတွင် တစ် တန်းတည်းပညာသင်ကြားနေသူ အတန်းဖော်သူငယ်ချင်းနှင့်အတူ မြေပြင်သာအထက်တန်းကျောင်းမှ ညနေကျောင်းဆင်းပြီး မြေပြင်သာ ကျေးရွာ ရွာလယ်ပိုင်းက ဦးစိုးသူ ၏စာဖတ်ဝိုင်းတွင် နေ့စဉ်စာဖတ် ပြီး စာဖတ်ဝိုင်းပြီးမှ ၄င်းတို့ကျေး ရွာ အောင်မြင်သာရွာသို့ ပြန်သွား လေ့ရှိရာ ထိုနေ့ ည ၉ နာရီတွင် စာဖတ်ဝိုင်းအပြီး ၄င်းအတန်းဖော် သူငယ်ချင်း၏ဖခင်ဖြစ်သူ တစ် ရွာတည်းနေထိုင်သူ အိမ်ခြံချင်း ကပ်လျက်နေ ဦးကျော်ဆန်းဝင်း အသက်(၃ဝနှစ်)က ဆိုင်ကယ်ဖြင့် လာရောက်ကြိုသဖြင့် ၄င်း သူငယ် ချင်းဖခင် ဦးကျော်ဆန်းဝင်း၏ ဆိုင်ကယ်နောက်တွင် အတူလိုက် ပါလာရာ ဦးကျော်ဆန်းဝင်းမှာ ဆိုင်ကယ်အား အောင်မြင်သာကျေး ရွာထဲသို့မမောင်းဘဲ မြေပြင်သာ ကျေးရွာမြောက်ဘက် သုံးဖာလုံ အကွာရှိ ရဟန္တာကုန်းဘက်သို့ မောင်းနှင်ပြီး ဝါခင်းဘေး၌ ဆိုင် ကယ်အားရပ်ကာ ၄င်း၏သမီး ဖြစ်သူအား ဆိုင်ကယ်ဘေးတွင် ထားခဲ့ကာ ထိုသတ္တမတန်းကျောင်း သူလေးအား ဝါခင်းတောထဲသို့ ခေါ်ဆောင်သွားပြီး ဝါခင်းတော ထဲ၌ ဖက်နမ်းကာ စကပ်အား အထက်သို့ဆွဲလှန်ပြီး ရင်သားတို့ အားဆုပ်နယ်ခဲ့ကြောင်းနှင့် သတ္တမ တန်းကျောင်းသူလေးမှ မလုပ်ပါနဲ့ မလုပ်ပါနဲ့ဟု အော်ဟစ်ပြောဆို သောအခါမှ ပြန်လွှတ်ပေးခဲ့သဖြင့် ထွက်ပြေးလာခဲ့ရာ နေအိမ်သို့ပြန် လည်ရောက်ရှိပြီး ၄င်း၏အစ်မ ဖြစ်သူအား ဦးကျော်ဆန်းဝင်းက ထိုသို့ပြုလုပ်ခဲ့ကြောင်းပြောပြသဖြင့် ထိုဖြစ်စဉ်အား ၄င်း၏အစ်မဖြစ်သူ သိရှိခဲ့သည်။
ဖြစ်စဉ်နှင့်ပတ်သက်ပြီး အမှု အား နောက်ကျမှတိုင်တန်းရခြင်း မှာလည်း သတ္တမတန်းကျောင်းသူ လေး၏မိဘများသည် ပဲခူးတိုင်း ဝေါမြို့နယ်ဘက်သို့ ပဲဆွတ်ခူး သည့်အလုပ်လုပ်ကိုင်ရန် ထွက် သွားနေသဖြင့် နေအိမ်ဝိုင်း တစ် ဝိုင်းတည်း အိမ်ခွဲနေထိုင်သူ အစ်မ အရင်းဖြစ်သူထံ ထိန်းသိမ်းစောင့် ရှောက်ရန် အပ်နှံထားခဲ့သဖြင့် ဖြစ်စဉ်နှင့်ပတ်သက်ပြီးမိဘများထံ အကြောင်းကြားနေရသည့်အတွက် အမှုအား ယခုမှ လာရောက်တိုင် တန်းရခြင်းဖြစ်ကြောင်း သတ္တမ တန်းကျောင်းသူလေး၏အစ်မဖြစ် သူက ပြောသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ ညီမ ဖြစ်သူအား အလိုမတူဘဲ သား မယားအဖြစ်ပြုကျင့်ရန် ကြံစည် ကြိုးစားအားထုတ်ခဲ့သူ ကျော်ဆန်း ဝင်းအား ယမန်နေ့ မွန်းလွဲ ၃ နာရီ မိနစ် ၂ဝ တွင် အစ်မဖြစ်သူက တရား လိုပြုလုပ်တိုင်တန်းသဖြင့် မြို့သစ် မြို့မရဲစခန်းမှ (ပ)၂၅/ ၂ဝ၁၉ ရာဇသတ်ကြီးပုဒ်မ ၃၇၆/ ၅၁၁ ဖြင့် အမှုရေးဖွင့်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။