images
UN
UN
မင်းလှမြို့ နယ်တွင် တရားမဝင်ဝင်ရောက်လာသူ ၁၂ ဦးအား ဖမ်းဆီးရမိ
နွယ်နွယ်(မကွေး) Monday, 11 February 2019
မကွေးတိုင်းဒေသကြီး မင်းလှမြို့နယ်တွင် ယနေ့မွန်းလွဲပိုင်းက ရခိုင်ပြည်နယ်အတွင်းမှ တရားမဝင်ဝင်ရောက်လာသူ ၁၂ ဦးအား နယ်မြေခံရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မကွေးတိုင်းဒေသကြီး သရက်ခရိုင် မင်းလှမြို့နယ် ရဲတပ်ဖွဲ့အတွင်းရှိ ရဲစခန်းများ၊ ရဲကင်းစခန်းများအလိုက် ပိတ်ဆို့ရှာဖွေ စစ်ဆေးမှုများအား စဉ်ဆက်မပြတ်ဆောင်ရွက်နေစဉ် ယနေ့မွန်းလွဲ ၁၂ နာရီခွဲတွင် မင်းလှမြို့နယ် ပရဆိုင်ကျေးရွာအနီးတွင် မသင်္ကာ ဖွယ်ရာလူစိမ်းများတွေ့ရှိကြောင်း သတင်းအရ လက်ပံတံခါးခေတ္တ ရဲကင်းစခန်းမှူး ဒုရဲအုပ်သက်နိုင်ဦး ဦးစီးတပ်ဖွဲ့ဝင်များ သွားရောက် စစ်ဆေးခဲ့ရာမှ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
ပရဆိုင်ကျေးရွာ အနောက်မြောက်ဘက် ငါးမိုင်ခန့်အကွာ ဝါးတောထဲတွင် ကျောက်တော်မြို့နယ် တောင်ထောင်ဟယားကျေးရွာ နေ နိုဘီဟူဆွန်း(၃၅နှစ်)ပါ အထောက်အထားမဲ့ခိုးဝင်လာသည့် မွတ်စလင်လူမျိုး ၁၂ ဦးအား တွေ့ရှိဖမ်းဆီးရမိခဲ့ပြီး ၄င်းတို့အား မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနနှင့် ပူးပေါင်းစစ်ဆေး၍ လဝကအက်ဥပဒေနှင့်အညီ အရေးယူဆောင် ရွက်ရန်စီစဉ်လျက်ရှိကြောင်း သိရသည်။