images
UN
UN
ရေဦးမြို့နယ်တွင် အရက်ကြောင်နေသူတစ်ဦးက နေအိမ်များအားမီးရှို့ပြီး တားဆီးသူများအားဓားဖြင့်ခုတ်
ထွန်းမြင့်အောင်(ရွှေဘို) Monday, 11 February 2019
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘို ခရိုင် ရေဦးမြို့နယ် ဆီဆုံကျေးရွာ တွင် အရက်ကြောင်နေသူတစ်ဦး က နေအိမ်များအားမီးရှို့ပြီး တား ဆီးသူများအား ဓားဖြင့်ခုတ်မှုဖြစ် ပွားခဲ့ကြောင်း ရွှေဘိုခရိုင် မီးသတ် ဦးစီးမှူးဦးအေးမြင့်ထံမှသိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘို ခရိုင် ရေဦးမြို့နယ် ဆီဆုံကျေးရွာ တွင် ယမန်နေ့ မွန်းလွဲ ၂နာရီ ၁၅ မိနစ်တွင် မီးလောင်မှုဖြစ်ပွား ကြောင်း သတင်းအရ တင်းတိမ်ရံ နယ်မြေမီးသတ်စခန်းမှ ဒုတပ်ကြပ် ဆန်းထွန်း ဦးဆောင်သော မီးငြှိမ်း သတ်ယာဉ်နှစ်စီးနှင့် ကျေးရွာနေ ပြည်သူ ၅ဝ က ဝိုင်းဝန်းငြှိမ်း သတ်ရာ မွန်းလွဲ ၂ နာရီ ၃၅မိနစ် တွင် မီးထိန်းနိုင်ခဲ့ပြီး ၂နာရီ ၄၅ မိနစ်တွင်မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဆီဆုံကျေးရွာနေ ဦးဝင်းနိုင်သည် အရက်ကြောင်ပြီး မီးခြစ်ဖြင့် ကောက်ရိုးပုံနှင့် နေအိမ် များအားလိုက်လံမီးရှို့ရာ ဦးစိန် ဝင်း၏နေအိမ် ၁ဝx၉x၇ ပေ မြေ စိုက်၊ ထရံကာ၊ ထန်းရွက်မိုး နေ အိမ်၊ ဦးကျော်မျိုးသန့်၏ နေအိမ် ၂ဝx၁ဝx၁၅ပေ မြေစိုက်၊ ထရံ ကာ၊ ထန်းရွက်မိုးနေအိမ်၊ ဟွန်ဒါ စက်တစ်လုံး၊ ရွှေကလပ်တစ်ခုနှင့် ဦးဝင်းဇော်၏ နေအိမ်ဝင်းအတွင်းရှိ ကောက်ရိုးပုံတစ်ပုံ စုစုပေါင်း မီး လောင်ဆုံးရှုံးမှု တန်ဖိုးငွေကျပ် ၈၉ဝဝဝဝ ဆုံးရှုံးခဲ့ရပြီးတားဆီးသူ များအားဓားဖြင့်ခုတ်ရာ ဦးအောင် စိုးနိုင်(ဝဲလက်ဖျံရှပ်ထိ)မစိုးရိမ်ရ၊ မောင်ဝေလင်းအောင်(ဝဲလက်မောင်း ရှပ်ထိ)မစိုးရိမ်ရ၊ ဦးတင်မောင် (ဦး ခေါင်းခုတ်ခံရ)စိုးရိမ်ရနှင့် ဦးတင် မော်(ဝဲပခုံးခုတ်ခံရ) စိုးရိမ်ရ၊ အဆို ပါ လေးဦးတို့အား ရေဦးမြို့ ခုတင် ၁ဝ ဆံ့ ပြည်သူ့ဆေးရုံကြီးသို့ ပို့ ဆောင်ကုသလျက်ရှိသည်။
အဆိုပါဖြစ်စဉ်အပေါ် အရက် ကြောင်၍ မီးရှို့ပြီး တားဆီးသူများ အားဓားဖြင့်ခုတ်သူ ဦးဝင်းနိုင်(၄၆ နှစ်) ကျပန်းအား တင်းတိမ်ရံနယ် မြေရဲတပ်ဖွဲ့စခန်းမှ (ပ)၇/၂ဝ၁၉၊ ပြစ်မှုပုဒ်မ ၄၃၆ နှင့် (၃၂၆/၃၂၄) ဖြင့်အမှုဖွင့်ဖမ်းဆီးအရေးယူဆောင် ရွက်ထားရှိကြောင်း သိရသည်။
Image may contain: 2 people, people sitting and outdoor