images
UN
UN
မတော်တဆထိခိုက်မှုနှင့် ကြုံတွေ့ခဲ့ရသည့် ထပ်ဆင့်အကယ်ဒမီ စိုးမြတ်သူဇာ
ကိုလင်း Monday, 11 February 2019
''ဂျင်းကောင်'' ရုပ်ရှင် ဇာတ်ကားတွင် ဟာသသရုပ် ဆောင်Kညီ၏မိခင် ဧည့်သည့် သရုပ်ဆောင်အဖြစ် ပါဝင်ကူညီ ရိုက်ကူးခဲ့သူထပ်ဆင့်အကယ်ဒမီ စိုးမြတ်သူဇာအနေဖြင့် ယင်း ဇာတ်ကားရိုက်ကူးမှု အတွေ့ အကြုံများကို ယခုလိုပြောကြား ခဲ့သည်။
''ဂျင်းကောင်''မှာ မကြီးပါဝင်ဖြစ်ခဲ့တာက
''ဂျင်းကောင်ဇာတ်ကားထဲမှာ မကြီးက Kညီရဲ့ အမေပေါ့နော်။ ကိုယ်ရောင်းတဲ့ ကြံရည် ကို မသောက်မှာစိုးလို့ကိုယ့်ကိုယ်ကိုယ်အပျိုလို့ပြောပြီး ကြံရည်ရောင်းတာ။ K ညီနဲ့သား အမိနှစ်ယောက်ပေါင်းပြီး ဂျင်းကောင်ကိုဂျင်းထည့်တာ။ ရီစရာတွေတော့ လုပ်ထားတာ ပေါ့။ မကြီးက ဒီကားထဲမှာ စမာကလာကိတ်။ မကြီးရဲ့အခန်းက အများကြီးတော့ မပါပါဘူး။ ဒါပေမဲ့ ဒီကားရဲ့ထုတ်လုပ်သူတွေက မကြီးနဲ့ ဟိုးအရင်ကတည်းကခင်နေ ကြတာဆိုတော့ ဒီကားမှာဝင်ရိုက်ပေးဖို့ပြောတာနဲ့လုပ်ဖြစ်တာပါ။ဒီကားထဲမှာ မကြီး ရဲ့အခန်းကအများကြီးတော့မပါဘူး။ တစ်ရက်စာပဲ ကူပေးထားတာ''ဟုပြောသည်။
အဲ့ကားကြီး ရိုက်ကူးမှုအပိုင်း အတွေ့အကြုံလေးတွေ
''မကြီးကားနဲ့ ကြံရည်ရောင်းတဲ့နေရာက သရုပ်ဆောင်ထားပါတယ်။ အဲ့မှာ သူတို့ကကားပေါ်မှာ ကြံရည်ကြိတ်တဲ့စက်ကိုတင်ထားတယ်။ ကြံရည်စက်က လည်း စက်နဲ့ကြိတ်တဲ့စက်ဆိုတော့နည်းနည်းကြီးတယ်။ ကားပေါ်မှာ မူလီနဲ့တော့ မစုပ်ထားဘူး၊ တင်ပဲတင်ထားတာ ကြံရည်ရောင်းတာဆိုတော့ မကြီးက ကားရဲ့ ခေါင်းခန်းမှာထိုင်နေတာလေ။ ကားဘရိတ်အုပ်လိုက်တော့ ကြံရည်စက်ကြီးက အရှိန်နဲ့ပြေးဆောင့်တာ ခေါင်းခန်းကကာထားတဲ့မှန်ကို အသံကြားလို့ ကြည့်လိုက်တော့ မှန်ကြီးကွာသွားတာ'' ကံကောင်းလို့ မကြီးခေါင်းပေါ် မှန်တွေမစိုက်ကုန်တာ လက်တွေ တော့ ထိသွားတာပေါ့။ နည်းနည်းသွေးလေးတွေတော့ထွက်တယ်။ အဲ့လောက် ကြီးကြီး မားမား ဘာမှမဖြစ်ဘူး။ အားလုံးကလည်း လန့်သွားတာပေါ့။ စက်ကြီးကလည်းကြီးတော့ အဲ့လိုကြီးရွေ့လာမယ်လို့ ဘယ်သူကထင်မှာတုန်း မသေကောင်းမပျောက်ကောင်း အမှတ် တရပါပဲ။ ရုပ်ရှင်တွေထဲကလို ခေါင်းမပြတ်သွားတာ ကံကောင်း''ဟု ပြောခဲ့သည်။