images
UN
UN
သီလရှင်ထပ်ဝတ်ချင်သေးတယ်ဆိုတဲ့ နေခြည်ဦး
ဒဂုံဝေလင်း Monday, 11 February 2019
Beauty Blogger အဖြစ်ကနေ သရုပ်ဆောင်တစ်ဦးဖြစ်လာခဲ့သည့် နေခြည်ဦးအနေဖြင့် ၂ဝ၁၈ခုနှစ်မှ စတင်ကာ 'ရန်သူ' 'ဧည့်သည်' 'အောက်ဖဲမလှန်ကြေး'အစရှိသည့် ရုပ်ရှင်ဇာတ်ကားကြီးများကိုဆက် တိုက်ရိုက်ကူးကာ သရုပ်ဆောင် တစ်ယောက်အဖြစ် ခြေလှမ်းနိုင်ခဲ့သူ နေခြည်ဦးက သူမရဲ့မွေးနေ့အပြီး တွင်သီလရှင်ဝတ်ချင်စိတ်ဖြစ်ခဲ့ပေ မယ့် ဝတ်နိုင်ပါ့မလားဆိုတဲ့စိတ်နဲ့ ဒွိဟဖြစ်ရင်း နောက်ဆုံးသစ်တံခါး ဆရာတော်ကြီးထံမှာသီလရှင်ငါးရက် ဝတ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။
''ညီမမွေးနေ့အပြီးမှာသီလရှင် ဝတ်ချင်နေပေမယ့်တကယ်ဝတ်ဖြစ် မဝတ်ဖြစ်က မသေချာခဲ့ဘူး။ အဲဒါ နဲ့ပဲ စိတ်ကအာရုံပြုလိုက်တာပေါ့ နော်။ သစ်တံခါးဆရာတော်ကြီး ကျောင်းမှာပဲ သီလရှင်ဝတ်ခွင့်ရ ချင်တယ်လေ။ ဆရာတော်ကြီးကို လာလျှောက်တော့ လက်ခံတာနဲ့ ငါးရက်ဝတ်ဖြစ်ခဲ့တာပါ''လို့ ပြော ပါတယ်။
ကိုယ်တိုင်ကဆိုရှယ်နက်ဝက်ခ် နဲ့မကင်းဘဲ အလုပ်လုပ်နေရပေမယ့် သီလရှင်ဝတ်တဲ့ရက်တွေမှာ ဖုန်းနဲ့ ဆိုရှယ်မီဒီယာတွေနဲ့ ကင်းအောင် နေနိုင်ခဲ့တယ်လို့လည်းပြောပါတယ်။
''သီလရှင်ဝတ်ရတဲ့ အဓိက ကောင်းကျိုးကတော့စိတ်ပိုင်းဆိုင်ရာ အနည်းငယ်ပြောင်းလဲသွားတယ် လို့ခံစားရတယ်။ကိုယ်မလုပ်နိုင်ဘူး လို့ထင်တဲ့အရာကိုလုပ်ဖြစ်ခဲ့တယ်။ အဓိဋ္ဌာန်ဝင်တယ်၊ ပုတီးစိပ်တယ် ဆိုတာ ကိုယ့်ရဲ့ စိတ်စွမ်းအားကို လေ့ကျင့်တာလေ။ဘယ်လိုအဓိဋ္ဌာန် ပဲဝင်ဝင် ဘုရားတရားအလုပ်ကိုယ့် ရင်ထဲမှာ အေးချမ်းနေတဲ့အတွက် တစ်ပါးသူကိုပြန်ပေးတာ အအေး တွေပြန်ပေးနိုင်တယ်။ ကိုယ့်ရင်ထဲ ပူလောင်နေရင်တော့ တစ်ပါးသူကို ပြန်ပေးရင်လည်းအပူတွေပဲပေးမိမှာ လေ။ အဲဒီစိတ်တွေတော့ရခဲ့တယ်။ အခါအခွင့်ရရင်တော့ သီလရှင် ထပ်ဝတ်ချင်ပါသေးတယ်။
သီလရှင်ဝတ်တဲ့နေ့မှာပဲ Pride Of Myanmar Awardsဆုကို ရရှိခဲ့လို့ ဒီဆုကြောင့် ဆက်လျှောက် ရမယ့် ခြေလှမ်းတွေအတွက် အား ဖြစ်စေတယ်လို့လည်း နေခြည်ဦး က ပြောပြခဲ့သည်။