images
UN
UN
မလေးရှားနိုင်ငံ၌ Miss Teen International 2019 ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာကိုယ်စားပြု လင်းလက်
သူရကို Monday, 11 February 2019
လာမည့် သြဂုတ်လအတွင်း မလေးရှားနိုင်ငံတွင် ကျင်းပမည့် Miss Teen International 2019 ပြိုင်ပွဲ၌ မြန်မာကိုယ်စားပြု လင်းလက် ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်ကြောင်း Crystal Angel International Organization မှ CEO & Founder ပိုင်စိုးဦးထံမှ သိရသည်။ ပြိုင်ပွဲကို လာမည့် သြဂုတ်လအတွင်း မလေးရှားနိုင်ငံ တွင် ကျင်းပမည်ဖြစ်ကြောင်း၊ ပြိုင်ပွဲကာလ နှစ်ပတ်ခန့်ကြာမြင့် မည်ဖြစ်ကြောင်း သိရသည်။
ဆယ်ကျော်သက်အရွယ် အလှ မယ်များအတွက် ကျင်းပသည့် အလှမယ်ပြိုင်ပွဲဖြစ်ပြီး၊ ယခုအချိန် ပြိုင်ပွဲဝင်ရန်အတွက် လိုအပ်သည့် လေ့ကျင့်မှု၊ သင်ယူမှု၊ သင်ကြား မှုများ၊ ကြိုတင်ပြင်ဆင်မှုများ၊ ဝတ်စုံဒီဇိုင်းများ၊ အထွေထွေဗဟု သုတပညာရပ်များ၊အလှအပရေးရာ ထိန်းသိမ်းမှုများ ပြုလုပ်လျက်ရှိ ကြောင်း သိရသည်။
မြန်မာကိုယ်စားပြု အလှမယ် လင်းလက်က ''ဒီပြိုင်ပွဲက ဆယ် ကျော်သက်အလှမယ်တွေအတွက် ကျင်းပတဲ့ပြိုင်ပွဲပါ။ မြန်မာ ကိုယ် စားပြုအနေနဲ့ ဝင်ရောက်ယှဉ်ပြိုင် ရမှာဖြစ်လို့ အရမ်းဝမ်းသာဂုဏ်ယူ မိပါတယ်။ ပြိုင်ပွဲအတွက် ကြိုတင် ပြင်ဆင်မှုတွေ၊ လေ့ကျင့်မှုတွေ ပြု လုပ်နေပါတယ်။ လိုအပ်ချက်တွေ လည်း အတတ်နိုင်ဆုံး ဖြည့်စွက် ပြီး အကောင်းဆုံးဖြစ်အောင်ကြိုး စားသွားမှာပါ။ အခုလို ယှဉ်ပြိုင်ခွင့် ရရှိတဲ့အတွက်လည်း အရမ်းဝမ်း သာမိပါတယ်''ဟု ပြောခဲ့သည်။