images
UN
UN
ဒိုးပတ်ဝိုင်းပြင်ဆင်ရာမှ ဓားထိုးမှုဖြစ်ပွား၍ တစ်ဦးသေဆုံး
ဘိုဘို(မလှိုင်) Monday, 11 February 2019
မန္တလေးတိုင်းဒေသကြီး မိတ္ထီ လာခရိုင် သာစည်မြို့နယ် ဥလျှစ် ကုန်းကျေးရွာတွင် ဒိုးပတ်ဝိုင်းပြင် ဆင်ရာမှ အချင်းများပြီး ဓားထိုး မှုဖြစ်၍ လူတစ်ဦးသေဆုံးသွားခဲ့ ကြောင်း သာစည်မြို့မရဲစခန်းမှ သိရသည်။
ဖြစ်စဉ်မှာ သာစည်မြို့နယ် ဥလျှစ်ကုန်းကျေးရွာနေသူ ဦးဝင်း အောင်(၅၂နှစ်)သည် ယမန်နေ့ ည ၉နာရီခန့်တွင် သာစည်မြို့နယ် ငါး ဆူကျောင်းဘုန်းတော်ကြီး ဘုရား ကန်တော့ပွဲအတွက် ဒိုးပတ်ဝိုင်းပြင် ဆင်နေသည့်ဦးဝင်းရွှေ၏ နေအိမ် တွင် တစ်ရွာတည်းနေ သိန်းဌေး (၃၈နှစ်)က ဒိုးပတ်ဝိုင်းအား ဓား ဖြင့် ထိုးခွဲမည်ဟု ပြောဆိုသဖြင့် ကာလသားခေါင်းဆောင်ဖြစ်သည့် ဦးဝင်းအောင်က ထိန်းသိမ်းပြော ဆိုရာ သိန်းဌေးက ပြန်လည်ပြော ဆိုသဖြင့် ဦးဝင်းအောင်က သိန်း ဌေးအား တုတ်ဖြင့်ရိုက်ခဲ့ပြီးနောက် သိန်းဌေးက မကျေနပ်သဖြင့် ၄င်း တွင်အသင့်ပါလာသောအရိုးအသွား ၁၇လက်မခန့်ရှိ ဓားဖြင့် ထိုးသွင်း ရာ ဝဲဘက်ရင်အုံ ထိုးသွင်းဒဏ်ရာ တစ်ချက်၊ ယာဘက်လက်မောင်း ပြတ်ရှဒဏ်ရာတစ်ချက်တို့ရရှိခဲ့ပြီး သာစည်မြို့နယ် ပြည်သူ့ဆေးရုံကြီး သို့ ပို့ဆောင်ခဲ့ရကာ ဦးဝင်းအောင် ၏ ဇနီးဖြစ်သူ မခင်စိုးက ဥပဒေ အရအရေးယူပေးပါရန် တရားလို ပြုလုပ်တိုင်တန်းခဲ့ကြောင်း မှုခင်း မှတ်တမ်းအရ သိရသည်။
ဦးဝင်းအောင်သည် သာစည် မြို့နယ် ပြည်သူ့ဆေးရုံကြီး၌ ဆေး ကုသမှုခံယူနေစဉ်ရရှိသောဒဏ်ရာ များဖြင့် ယမန်နေ့နံနက် အစော ပိုင်းတွင် သေဆုံးသွားခဲ့ကြောင်း သာစည်မြို့မရဲစခန်းမှ သိရသည်။
အဆိုပါအမှုအား သာစည်မြို့မ ရဲစခန်းမှ(ပ)၄၁/၂ဝ၁၉ ရာဇသတ် ကြီးပုဒ်မ ၃၂၆ ဖြင့်အမှုဖွင့်ဆောင် ရွက်ခဲ့ကာ သိန်းဌေးအား ဖမ်းဆီး ခဲ့ပြီး ဦးဝင်းအောင်သေဆုံးသွား သဖြင့် ရာဇသတ်ကြီးပုဒ်မ ၃၂၆မှ ၃ဝ၂ သို့ပြောင်းလဲဖွင့်ဆိုခဲ့ကြောင်း စုံစမ်းသိရသည်။