images
UN
UN
ကမ္ဘာ့အကောင်းဆုံးကစားသမားတစ်ဦး၏အရည်အသွေးများ မာရှယ်တွင်ရှိနေဟု ဆိုးလ်ရှားပြော မန်ယူ၏နည်းဟန်များဖြင့် ပီအက်စ်ဂျီကိုယှဉ်ပြိုင်နိုင်ရေးက အဓိကဖြစ်သည်ဟုဆို
Monday, 11 February 2019
မန်ယူယာယီနည်းပြဆိုးလ်ရှား က တိုက်စစ်မှူးမာရှယ်သည် စီ ရော်နယ်ဒိုကဲ့သို့ ကမ္ဘာ့အကောင်း ဆုံးကစားသမားတစ်ဦးဖြစ်လာရန် အရည်အသွေးများရှိနေသူဖြစ် ကြောင်း ပြောကြားလိုက်သည်။ ပြီးခဲ့သည့်ပရီးမီးယားလိဂ်ပွဲစဉ်တွင် မာရှယ်၏ခြေစွမ်းကို မန်ယူနောက်ခံ လူဟောင်းတစ်ဦးဖြစ်သော ဂယ်ရီ နဗီးလ်က ၂ဝဝ၇ ခုနှစ်တွင် ဖူလ် ဟမ်ကွင်း၌ စီရော်နယ်ဒိုခြေစွမ်းပြ နိုင်ခဲ့ခြင်းနှင့် ခိုင်းနှိုင်းပြောကြားခဲ့ သည်။ အဆိုပါကာလသည် မန်ယူ ၌ စီရော်နယ်ဒိုနှင့် ဆိုးလ်ရှားတို့ အတူတွဲရှိနေသေးသည့်ကာလဖြစ် နေ၍ ဂယ်ရီနဗီးလ်၏ခိုင်းနှိုင်းမှုကို ဆိုးလ်ရှားက ထောက်ခံပြောကြား ခဲ့ခြင်းဖြစ်သည်။ စီရော်နယ်ဒိုကဲ့ သို့ဖြစ်လာရန်အတွက် မည်သည့် ကိစ္စများလုပ်ဆောင်ရမည်ကိုလည်း မာရှယ်သိရှိထားသည်ဟု ၄င်းက ဖွင့်ဟခဲ့သည်။
မန်ယူသည် အင်္ဂါညတွင် ပီ အက်စ်ဂျီအား ချန်ပီယံလိဂ်ပွဲစဉ် အဖြစ် ရင်ဆိုင်ရမည်ဖြစ်ရာ ဆိုးလ် ရှားက အသင်း၏နည်းဟန်များဖြင့် အကောင်းဆုံးယှဉ်ပြိုင်နိုင်ရေးက သာ အဓိကကျသည်ဟုပြောကြားခဲ့ သည်။ ပီအက်စ်ဂျီ၏ကောင်းကွက် များကို စဉ်းစားမည်ဆိုပါက နည်းပြတူချယ်မှစကာ တိုက်စစ်မှူး မက်ပီအထိ ချီးကျူးမဆုံးနိုင်သည့် အခြေအနေမျိုးရှိနေမည်ဖြစ်၍ မိမိ တို့လုပ်ဆောင်ရမည့်ကိစ္စကိုသာ စဉ်းစားထားသည်ဟု ဆိုးလ်ရှားက ပြောခဲ့သည်။
ထို့အပြင် ဆိုးလ်ရှားက မန်ယူ တွင် ကောင်းမွန်သောတိုက်စစ်မှူး များရှိနေ၍ ပီအက်စ်ဂျီခံစစ်ကို လည်း ပြန်လည်ဖိအားပေးနိုင်လိမ့် မည်ဟု ယုံကြည်နေသည်။ ''ကျွန် တော်တို့မှာ တိုက်စစ်မှူးကောင်း သုံးယောက်ရှိပါတယ်။ နောက်ပြီး ဆန်းချက်ဇ်နဲ့ လင်ဂတ်တို့လိုကစား သမားတွေလည်းရှိနေလို့ သူတို့ကို ဖိအားပေးနိုင်မှာပါ။ အိုးထရက်ဖို့ဒ် သီချင်းသံအောက်မှာ ပျော်ရွှင်ကျေ နပ်မှုရသွားကြတဲ့ဧည့်သည်အသင်း အများကြီးမရှိပါဘူး'' ဟု ၄င်းက ပြောသည်။
Ref ;UEFA