images
UN
UN
ရမှတ်စံချိန်ဟောင်းကို ဂျူဗင်တပ်လိုက်မီရန်မလွယ်
Monday, 11 February 2019
ဂျူဗင်တပ်နည်းပြအလီဂရီက ၄င်းတို့၏ရမှတ်စံချိန်ဟောင်းကို ပြန်လည်လိုက်မီနိုင်ရန်မလွယ်ကူဟု ပြောကြားလိုက်သည်။ ဂျူဗင် တပ်သည် စီးရီးအေပွဲစဉ် ၂၃ ပွဲယှဉ်ပြိုင်ပြီးချိန်၌ ရမှတ် ၆၃ မှတ် အထိ ရရှိထားပြီး ဒုတိယနေရာမှ နာပိုလီကို ၁၁ မှတ်အထိ ဖြတ် ထားနိုင်သောအသင်းဖြစ်သည်။ ဂျူဗင်တပ်အသင်းသည် ၂ဝ၁၃- ၂ဝ၁၄ ဘောလုံးရာသီက စီးရီးအေတွင် ရမှတ် ၁ဝ၂ မှတ်အထိရယူ ကာ စံချိန်တင်ထားခြင်းဖြစ်သည်။ ယခုရာသီတွင် ရနိုင်သည့်အမှတ် အားလုံးအတွင်းမှ ခြောက်မှတ်သာဆုံးရှုံးထားသေးသော်လည်း ၁ဝ၂ မှတ်စံချိန်ကို လိုက်နိုင်ရန်မလွယ်ဟု အလီဂရီက ယုံကြည်နေခြင်း ဖြစ်သည်။ မိမိအနေဖြင့်လည်း အဆိုပါကိစ္စအပေါ် စိတ်လှုပ်ရှားမှု မရှိဟု ၄င်းကပြောကြားခဲ့သည်။
Ref ;Dailymail