images
UN
UN
ဘာစီလိုနာ၏အခြေအနေဆိုးရွားမှုမရှိဟု ဗယ်ဗာဒီပြော
Monday, 11 February 2019
ဘာစီလိုနာနည်းပြဗယ်ဗာဒီက နှစ်ပတ်ဆက်တိုက်နိုင်ပွဲပျောက် ခဲ့သော်လည်း လာလီဂါပြိုင်ပွဲ၌ မိမိတို့၏အခြေအနေ ဆိုးရွားနေ ခြင်းမရှိဟု ပြောကြားလိုက်သည်။ နှစ်ပတ်ဆက်သရေကျခဲ့ခြင်း ကြောင့် ဒုတိယနေရာမှ ရီးရဲလ်မက်ဒရစ်ကို ခြောက်မှတ်သာဖြတ် နိုင်သည့် အခြေအနေသို့ရောက်ရှိလာခဲ့သည်။ ''ဘီလ်ဘာအိုနဲ့ပွဲ မတိုင်ခင်မှာ ကျွန်တော်တို့အမှတ်ဖြတ်ထားနိုင်တဲ့အခြေအနေက ပွဲအပြီးမှာ အမှတ်ဖြတ်ထားနိုင်တဲ့အခြေအနေနဲ့ မကွာခဲ့လို့ ဆိုးရွား တယ်လို့မဆိုနိုင်ပါဘူး။ နိုင်ပွဲတွေလိုအပ်တာမှန်ပေမယ့် လာလီဂါ ချန်ပီယံဆုကို ဆက်ထိန်းနိုင်ဖို့အတွက် ကျွန်တော်တို့ရဲ့အခြေအနေ က ဆိုးရွားတဲ့ပုံစံမျိုးကိုရောက်မနေဘူးလို့ပြောနိုင်ပါတယ်''ဟု ဗယ်ဗာဒီက တုံ့ပြန်သွားခဲ့သည်။
Ref ;Footballespana