images
UN
UN
အတ္တလန္တာ၏ဦးစားပေးရည်ရွယ်ချက်ကို ပါကက်ဆီဖွင့်ဟ
Monday, 11 February 2019
အတ္တလန္တာဥက္ကဋ္ဌပါကက်ဆီက မိမိတို့၏ဦးစားပေးရည်ရွယ်ချက်မှာ စီးရီးအေတွင် ဆက်လက်ရှင်သန်ရရေးပင်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ အတ္တလန္တာသည် ၂ဝ၁၆-၂ဝ၁၇ ဘောလုံးရာသီတွင် အမှတ်ပေးဇယား အဆင့်လေးနေရာ၌ ရပ်တည်နိုင်ခဲ့ပြီး ယူရိုပါလိဂ်ဝင်ခွင့်ရရှိခဲ့သည်။ အဆိုပါရာသီနောက်ပိုင်း စီးရီးအေ၏အလယ်အလတ်အသင်းအဆင့်သို့ ရောက်ရှိလာခဲ့ပြီး ယခုရာသီတွင်လည်း အဆင့်ငါးနေရာ၌ ရပ်တည်နေ သည်။ သို့သော် ပါကက်ဆီက အသင်းအနေဖြင့် အောင်မြင်မှုများကို မျှော်လင့်ရမည့်အဆင့်မဟုတ်သေးဘဲ စီးရီးအေတွင် ခိုင်မာစွာရပ်တည် နိုင်ရန် ကြိုးစားရမည့်အဆင့်ဟုဆိုသည်။
Ref ;Calciocamato