images
UN
UN
ရိုးမားနှင့်ပွဲစဉ်ကို ပေါ်တို၏အဓိကကစားသမားနှစ်ဦး မပါနိုင်
Monday, 11 February 2019
ပေါ်တိုအသင်း၏တောင်ပံကစားသမား ကိုရိုနာနှင့်တိုက်စစ်မှူး မာရီဂါတို့သည် ရိုးမားနှင့်ကစားမည့်ချန်ပီယံလိဂ်ပွဲစဉ်ကို ပါဝင်နိုင်ကြ မည်မဟုတ်ပေ။ ကိုရိုနာသည် ယခုရာသီချန်ပီယံလိဂ်ပြိုင်ပွဲတွင် ပေါ်တို အတွက် သုံးဂိုးအထိ သွင်းယူပေးထားသူဖြစ်ပြီး အသင်း၏ဂိုးသွင်းဘုရင် မာရီဂါသည် ယခုရာသီချန်ပီယံလိဂ်သွင်းဂိုးငါးဂိုးအထိ ရရှိထားသူဖြစ် သည်။ ကိုရိုနာသည် ပွဲပယ်ပြစ်ဒဏ်ကြောင့် ပထမအကျော့ပွဲစဉ်ကို လွဲချော်ခြင်းဖြစ်ပြီး မာရီဂါမှာ ဒဏ်ရာပြဿနာကြောင့် ဒုတိယအကျော့ အထိ လွဲချော်ဖွယ်ရှိသည်။ ပေါ်တိုသည် ရာသီအစောပိုင်း ၁၇ ပွဲဆက် နိုင်ခဲ့သော်လည်း လက်ရှိတွင်ရုန်းကန်နေရသည်။
Ref ;Footballitalia