images
UN
UN
ဆွန်ဟောင်မင်၏အဝါကတ်အတွက် ကွင်းလယ်ဒိုင်ကို ပိုချက်တီနိုအပြစ်တင်
Monday, 11 February 2019
စပါးနည်းပြပိုချက်တီနိုက တိုက်စစ်မှူးဆွန်ဟောင်မင်အား ဟန် ဆောင်ဒိုင်ဗင်ထိုးသည်ဟုသတ်မှတ်ကာ အဝါကတ်ပြခဲ့သည့် ဒိုင်လူကြီး မိုက်ကယ်အိုလီဗာကို ဝေဖန်စကားဆိုခဲ့သည်။ လက်စတာအား ဝင်ဘလေ ၌ ဂိုးပြတ်အနိုင်ရခဲ့သည့်ပွဲစဉ်ပထမပိုင်းတွင် ဆွန်ဟောင်မင်အား အို လီဗာက အဝါကတ်ပြခဲ့ခြင်းဖြစ်သည်။ သို့သော် ပိုချက်တီနိုက ဆွန် ဟောင်မင်သည် လက်စတာနောက်ခံလူ မာဂူရီ၏ပြစ်ဒဏ်ကျူးလွန်မှုကို ခံခဲ့ရခြင်းဖြစ်၍ အဝါကတ်အစား ပင်နယ်တီသာဖြစ်သင့်သည်ဟုပြော ကြားခဲ့သည်။ သို့သော် ပွဲချိန်ဒုတိယပိုင်းတွင် လက်စတာအသင်းအား ပင်နယ်တီပေးခဲ့ခြင်းနှင့်ပတ်သက်၍မူ ဒိုင်၏ဆုံးဖြတ်ချက်ကို ဆန့်ကျင် ခဲ့ခြင်းမရှိသော်လည်း ပင်နယ်တီဆုံးဖြတ်ချက်များအတွက် ပိုမိုသေချာ စေချင်သည်ဟု ပြောကြားခဲ့သည်။
Ref:Reuters