images
UN
UN
ဆာရီ၏နေရာတွင် အစားဝင်မည့်သူအဖြစ် လမ်းပတ်၏ရေပန်းစားမှုမြင့်တက်
Monday, 11 February 2019
မန်စီးတီးကွင်းတွင် ခြောက်ဂိုး ပြတ်ဖြင့်ရှုံးနိမ့်ခဲ့ပြီးနောက် ချဲလ် ဆီးနည်းပြဆာရီ၏အနာဂတ် ပိုမို လှုပ်ခတ်လာခဲ့ပြီး ၄င်း၏နေရာကို ကွင်းလယ်ကစားသမားဟောင်း လမ်းပတ်က အစားဝင်လိမ့်မည်ဟု ရေပန်းစားမှုမြင့်တက်လာခဲ့သည်။မန်စီးတီးကွင်းတွင် ရှုံးနိမ့်ခဲ့သည့် ပွဲရလဒ်သည် ၁၉၉၁ ခုနှစ် ဧပြီလ နောက်ပိုင်း ပြိုင်ပွဲအရပ်ရပ်တွင် ချဲလ်ဆီး၏အဆိုးရွားဆုံးရှုံးပွဲလည်း ဖြစ်ခဲ့သည်။ ၄င်းတို့သည် ချန်ပီယံ လိဂ်ဝင်ခွင့်အဆင့်လေးနေရာ၏ အောက်သို့ရောက်ရှိသွားခြင်းကြောင့် ထုတ်ပယ်ခံရမည့် အခြေအနေသို့ ဆာရီရောက်ရှိသွားခဲ့သည်။
လက်ရှိတွင် လမ်းပတ်သည် ချန်ပီယံရှစ်ကလပ် ဒါဘီအသင်း ကိုကိုင်တွယ်နေသူဖြစ်သည်။ ယခု ရာသီတွင် ဖလားပြိုင်ပွဲများ၌ ပရီး မီးယားလိဂ်ထိပ်သီးများကို ဒါဘီ နှင့်အတူ အနိုင်ယူထားသူလည်း ဖြစ်သည်။ ထို့ကြောင့် ဥရောပ လောင်းကစားကုမ္ပဏီများက လမ်း ပတ်နှင့် ရီးရဲလ်နည်းပြဟောင်း ဇီဒန်းကို တစ်တန်းတည်းထားကာ လောင်းကြေးစတင်ဖွင့်လှစ်နေပြီ ဖြစ်သည်။
Ref ;Dailymail