images
UN
UN
တိုင်းရင်းသားတို့ ညီညွတ်စို့ (ကဗျာ)
ခိုင်ခိုင်နွယ်(ပညာရေး) Monday, 11 February 2019
* တို့တစ်တွေသည် မြန်မာပြည်ဖွား
တိုင်းရင်းသားဟု စွမ်းအားဖြိုးမောက်
ရဲရဲတောက်လျက် မကြောက်မရွံ့
နောက်မတွန့်ဘဲ စွန့်စားဝံ့သူတွေ။
* စိတ်ဓာတ်ခိုင်ကျည် တို့မြန်ပြည်တွင်
ညီနောင်သားချင်း စည်းလုံးခြင်းဖြင့်
လက်ချင်းတွဲယှက် ခေတ်ဆက်ဆက်မှ
နှစ်သက်ကြည်ဖြူ တစ်အူထုံ့ဆင်း
မောင်နှမရင်းနှယ် ချစ်ခြင်းသွယ်ကာ
ရန်စွယ်မှန်သမျှ ချေမှုန်းကြသည်
အားရစရာ တို့မြန်မာတွေ။
* တို့ပြည်ထောင်စု
ညီညွတ်မှုတွေ ပင်လုံမြေမှာ
အခြေခံ၍ ယနေ့အထိ
ကတိသစ္စာ ရတနာကို
ရင်မှာစွဲမက် သတိဖက်
တိုင်းရင်းသားတွေ စည်းလုံးလျက်။