images
UN
UN
တာချီလိတ်တွင် အိမ်ခန်းငှားရမ်းနေထိုင်ပြီး မူးယစ်ဆေးထုတ်လုပ်ရောင်းချနေသည့် ထိုင်းနိုင်ငံသားတစ်ဦးကို ဖမ်းဆီးရမိ
ယာဆေး(တာချီလိတ်) Tuesday, 12 February 2019
မြန်မာ-ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့တွင် အိမ်ခန်းငှားရမ်းနေ ထိုင်ပြီး မူးယစ်ဆေးထုတ်လုပ်ရောင်းချနေသည့် ထိုင်းနိုင်ငံသားတစ်ဦးအား ယခုလ ၁ဝရက် ညပိုင်းတွင် ရဲတပ်ဖွဲ့က ဖမ်းဆီးရမိကြောင်း သိရသည်။
ရဲတပ်ဖွဲ့ဝင်များသည် သက်သေများ ပါဝင်သည့်အဖွဲ့ဖြင့် ယမန်နေ့ ည ၉ နာရီခွဲက မယ်ခေါင်ရပ်ကွက် ရွှေမြေသာယာဈေးအနီးတွင် လမ်း လျှောက်လာသည့် ထိုင်းနိုင်ငံသား လက်ချာနွန်းဖေးလောင်းထောင်ကို စစ်ဆေးရာ ၄င်းလွယ်ထားသော လွယ်အိတ်အတွင်းမှ စိတ်ကြွဆေးပြား ၁ဝ၅ ပြားတွေ့ရသဖြင့် ၄င်းနေထိုင်ရာ တော်ကော့(ပြင်)ရွာရှိနေအိမ်ကို ဆက်လက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၆ဝဝ နှင့် Ecstasy ဆေးပြား ၇၇၆ ပြားနှင့်အတူ နေအိမ်မီးဖိုခန်းအတွင်းမှ စိတ်ကြွဆေးပြားရိုက်ရာ တွင် အသုံးပြုသည့် သတ္တုမွှေစက်၊ မော်တာ၊ အခြောက်ခံစက်၊ စတီးက တော့၊ အိတ်ပိတ်စက်နှင့် စိတ်ကြွဆေးပြားထုတ်လုပ်ရာတွင် အသုံးပြု သည့် ဆက်စပ်ပစ္စည်းများကို ဖမ်းဆီးရမိကြောင်း သိရသည်။
မူးယစ်ဆေးထုတ်လုပ်သည့်ပစ္စည်းများ၊ မူးယစ်ဆေးများနှင့်အတူ ဖမ်းမိသည့် လက်ချာနွန်းဖေးလောင်းထောင်ကို တာချီလိတ်မြို့မရဲစခန်းမှ မယ(ပ) ၂၂/၂ဝ၁၉၊ မူး/စိတ် ၁၉(က)/၂ဝ(က)ဖြင့် အမှုဖွင့်စစ်ဆေး နေကြောင်း သိရသည်။
တာချီလိတ်မြို့တွင် ၁၈ ရက်အတွင်း ထိုင်းနိုင်ငံသားအပါအဝင် လူနှစ်ဦးသေဆုံးခဲ့ရသည့် သေနတ်ပစ်ခတ်မှုသုံးမှုဖြစ်ပွားခဲ့ပြီးနောက် မြို့တွင်းပိတ်ဆို့စစ်ဆေးမှုများ၊ ရှောင်တခင်စစ်ဆေးမှုများကို ရဲတပ်ဖွဲ့က ပုံမှန်ထက် ထပ်တိုးလုပ်ဆောင်နေရာမှ ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရ သည်။