images
UN
UN
နောင်ချိုမြို့နယ်တွင် ဆီဘောက်ဆာယာဉ်ပေါ်မှ တရားမဝင်သစ်များဖမ်းဆီးရမိ
သိန်းအုပ် Tuesday, 12 February 2019
ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချိုမြို့နယ် ဘန့်ဘွေးတိုးဂိတ် အနီးတွင် သစ်တောဦးစီးဌာနနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များပူးပေါင်း အဖွဲ့မှ လောင်စာဆီတင်ယာဉ်အား ရပ်တန့်စစ်ဆေးရာ ဆီတိုင်ကီ အတွင်း တရားမဝင်ပိတောက်ခွဲ သားများနှင့်အတူ တရားခံတစ်ဦး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ယခုလ ၈ရက်က တရားမဝင် သစ်လုပ်ကိုင်သူများမှာ ဆီဘောက် ဆာယာဉ်များဖြင့် ခိုးထုတ်သယ် ဆောင်ခြင်းများ ဆောင်ရွက်နေ ကြောင်း သတင်းရရှိမှုကြောင့် သစ်တောဦးစီးဌာနမှ ကြပ်မတ် ဆောင်ရွက်လျက်ရှိရာ မကွေးတိုင်း ဒေသကြီး ပေါက်မြို့နယ်တွင် ဆီ ဘောက်ဆာယာဉ်အတွင်းမှ တရား မဝင်ကျွန်းခွဲသားများ ဖမ်းဆီးရ မိပြီး သုံးရက်ခန့်အကြာတွင် တရား မဝင်ပိတောက်ခွဲသားများနှင့်အတူ တရားခံတစ်ဦး ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဆီတိုင်ကီအတွင်း တရားမဝင် ပိတောက်ခွဲသားများ နှင့်အတူဖမ်းဆီးရမိခဲ့သောတရား ခံအား ဥပဒေနှင့်အညီအမှုဖွင့်အရေး ယူဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။