images
UN
UN
အာဖရိကလူမျိုး (လူမည်း) ဒုက္ခသည်များအကြောင်း VOA ကို အမေရိကန်လွှတ်တော်အမျိုးသမီးအမတ် ပြောကြား
နောင်နောင် Tuesday, 12 February 2019
အာဖရိကလူမျိုး(လူမည်း)များ အနေဖြင့် ဒုက္ခသည်များနှင့် ပြည် တွင်း နေရာပြောင်းရွှေ့ခံပြည်သူ များ မည်သည့်အတွက်ကြောင့်ဖြစ် နေရသည်နှင့်ပတ်သက်ပြီး အလေး ထားရန်လိုအပ်ကြောင်းအာဖရိက၊ ကမ္ဘာလုံးဆိုင်ရာကျန်းမာရေး၊ကမ္ဘာ လုံးဆိုင်ရာလူ့အခွင့်အရေးနှင့် နိုင်ငံ တကာ အဖွဲ့အစည်းများဆိုင်ရာ အမေရိကန် အောက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီခွဲဥက္ကဋ္ဌ အသစ်က VOA နှင့် အင်တာဗျူး တစ်ခုတွင်ပြောကြားခဲ့သည်ဟုသိရ သည်။
ပဋိပက္ခသည် အဓိကအကြောင်း အရာများထဲမှ တစ်ခုဖြစ်သည်။ ထို့ကြောင့် ယင်းပဋိပက္ခများကိုဖြေ ရှင်းခြင်း၊ လူအများအနေဖြင့် ထွက် ပြေးရန်မလိုဟူသော ခံစားမှုဖြစ်စေ ရန်မှာ အဖြေတစ်ခုပင်ဖြစ်သည်ဟု ကယ်လီဖိုးနီးယား ဒီမိုကရက်တစ် လွှတ်တော်အမျိုးသမီးအမတ် ကာ ရန်ဘတ်စ်က ပြောကြားခဲ့သည်။
ရာသီဥတုနှင့် ဆက်စပ်သည့် ပဋိပက္ခသည် လူအများ ¤င်းတို့၏ နေအိမ်များမှ ထွက်ပြေးရသည့် အကြောင်းအရာတစ်ခုအဖြစ်ပါဝင် သည်ဟု၎င်းကပြောကြားခဲ့သည်။ ဆိုမာလီယား၊ ဆူဒန်၊ တောင်ဆူဒန် နှင့် လိုက်ဘေးရီးယားမှ အာဖရိက လူမျိုးများသည် ယာယီကာကွယ် ရေး အနေအထား(TPS)ကို ရရှိပြီး အမေရိကန်တွင် နေထိုင်ပြီး အလုပ် လုပ်ကိုင်ရန်ခွင့်ပြုခြင်းခံရသည်။ သို့ရာတွင် ယင်းအနေအထားမှာ ထရန့်အစိုးရလက်ထက်တွင် ဆုံးရှုံး ရမည်ကို ဘတ်စ်က စိုးရိမ်ကြောင်း ပြောကြားခဲ့သည်။
တစ်ကမ္ဘာလုံး အနေဖြင့် ဤ အစိုးရ၏ လူမျိုးရေးခွဲခြားသည့် လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို စောင့်ကြည့်နေကြပြီး ၄င်းအနေဖြင့် အလွန်စိုးရိမ်ကြောင်း ပြောကြားခဲ့ သည်ဟု သိရသည်။Ref: VOA